မာယာထောင်ချောက်
Part - 14ဘဲလ်တီးသံကြောင့် မိုး အိပ်ယာထဲခွေအိပ်နေရာမှ ထလာရင်း တံခါးဆီလျှောက်လာခဲ့သည်။ တံခါးဖွင့်သံနဲ့အတူ အိမ်ထဲဝင်လာသည့် ဦးကွယ်ကို မြင်လိုက်ရသဖြင့် မိုး ခပ်တောင့်တောင့်လေး ရပ်ကြည့်နေမိသည်။
ကိုးကွယ်ရာ မိုးလေး အနားလျှောက်လာရင်းမှ နွမ်းဖျော့နေသည့် မျက်နှာလေးကို သတိထားကြည့်မိသည်။ ပိန်ကျသွားသလို နှုတ်ခမ်းတွေကအစ ဖြူဖျော့နေပြီး လေတိုက်ရင် လဲတော့မလိုပင်။
" ဘာလာလုပ်တာလဲ....။ "
" ကလေး နေမကောင်းဘူးဆို။ ကိုယ် စိတ်မချလို့ လာကြည့်တာ။ "
" မိုး အဆင်ပြေပါတယ်....ပြန်ပါတော့။ "
နှင်သည့်စကားက ခပ်ပျော့ပျော့လေးပေမယ့် ထိချက်ကတော့ ပြင်းသည်။ သူမလေးဆီက ဒီလောက်လေး အနှင်ခံရတာ သူ ထိုမျှ ခံစားနာကြင်ရသည်တဲ့လား။ သူ ကိုက ပျော့ညံ့လွန်းပါသည်လေ။
" ကိုယ့်ကို မနှင်ပါနဲ့ ကလေးရယ်။ ကိုယ့်ကို အဲ့လိုစိမ်းစိမ်းကားကားကြီးတော့ မဆက်ဆံပါနဲ့ ။ "
မချိသောရင်အစုံဖြင့် နာနာကြင်ကြင် ဆိုမိတော့ သူ့စကားကို လက်မခံသလို ခေါင်းခါသည်။ ဝဲတက်လာသည့် မျက်ရည်စတွေကို ငေးကြည့်ရင်း မကြည့်ရက်စွာ သုတ်ပေးရန် ကြိုးစားမိသည်။ ရုန်းကန်နေကာ ခေါင်းလေးတခါခါဖြင့် သူ့ကို ငြင်းဆန်နေသည်မို့ ဒီရင်ဟာ ကျိုးကြေလုမတတ် နာကြင်ရသည်။
" ကိုယ် ကလေးကို သိပ်ချစ်တာ သိရဲ့သားနဲ့ကွာ။ ဘာကြောင့်လဲ.... ဘာကြောင့် ကိုယ့်ကို ဒီလောက် ရက်စက်ရတာလဲ။ ကိုယ် လက်မခံနိုင်ပါဘူး...ကလေးဟာ အမြဲတမ်း ကိုယ့်ချစ်သူ ကိုယ့်ဇနီးလောင်းပဲ။ "
" တော်ပါတော့....မိုး ဦးကွယ် ကို မချစ်ဘူး။ ဦးကွယ် လက်ခံခံ မခံခံ အဲ့ဒါ ဦးကွယ်အပိုင်း ။ မိုးဘက်ကတော့ ရှင်းတယ်...အရင်ကလဲ မချစ်ဘူး အခုလဲ သနားပြီးမချစ်ဘူး နောက်လဲ ချစ်မိမှာ မဟုတ်ဘူး...နားလည်ပြီလား။ ပြန်ပါတော့။ "
အခန်းထဲ လှည့်ဝင်ကာ အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်သွားသည့်အခိုက် ကြမ်းပြင်ပေါ် မဟန်နိုင်စွာ လူက ဒူးညွှတ်ခွေကျသွားရသည်။ ခေါင်းငိုက်စိုက်ချထားသဖြင့် မျက်ရည်စတို့က ကြမ်းပြင်ပေါ် တပေါက်ပေါက်ကြွေကျသလို လူပါ မူးမိုက်လဲချင်သွားရသည်။
VOCÊ ESTÁ LENDO
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။