ချစ်သော...မိုး
Part - 7ကိုးကွယ်ရာ အစည်းအဝေးခန်းထဲမှ ပြန်ထွက်လာကာ ရုံးခန်းထဲ ဝင်လိုက်သည်နှင့် သူ့ကို အသင့်စောင့်နေသည့် နန်းကြာနွယ် ကို တွေ့လိုက်ရသည်။ မျက်နှာချင်းဆိုင်က ဆိုဖာတွင် ဝင်ထိုင်လိုက်ရင်းမှ....
" ရောက်နေတာ ကြာပြီလား နွယ်။ အစည်းအဝေးက ကြာသွားတယ်။ "
ပြောလဲပြော အားနာသလို ခပ်သော့သော့ရယ်ရင်း သူမဆီ လက်ကမ်းပေးလိုက်သည့် ကိုးကွယ်ရာကြောင့် နွယ် ရင်တွေတဒိတ်ဒိတ်ခုန်သွားရကာ လက်လေးတစ်ဖက်အား အယောင်ယောင်အမှားမှား ပြန်ကမ်းပေးမိလိုက်သည်။
" ဟင်.....ဘာလုပ်တာလဲ။ စာချုပ်တောင်းတာလေ နွယ်ရဲ့.....။ "
အာ.....အခုမှ ကယောင်ကတမ်း ဖြစ်သွားမိသည့် ကိုယ့်အဖြစ်အား ရှက်ရွံ့သွားရကာ စလင်းဘတ်ထဲမှ စာချုပ်ကို ဆွဲထုတ်၍ ကမ်းပေးလိုက်သည်။ စာချုပ်ကို သေချာဖတ်ရင်း အသေးစိတ်စစ်ဆေးနေသည့် သူ့ကို ငေးကြည့်ရင်း နွယ် သဘောကျစွာပင် ပြုံးမိသည်။
နွယ့် ဖေဖေဟာ ကိုးကွယ်ရာတို့ အိမ်မှာကားမောင်းဖူးသလို ဖေဖေဆုံးတော့ အန်ကယ်မင်းရာက နွယ့်အား အသိကုမ္ပဏီတွင် အလုပ်သွင်းပေးခဲ့သည်။ အရင်ထဲက သူ့ကို နွယ်ကသာ တိတ်တခိုး ချစ်နေရသူမို့ အမြဲတမ်း ဂရုစိုက်ပေးတတ်သည်။ ပြီးတော့ နွယ်ဟာ ကုမ္ပဏီကိုယ်စားလှယ်မို့ သူ့ဆီ ခဏခဏ ရောက်သည်။ နွယ်အလုပ်လုပ်နေသည့် ကုမ္ပဏီနှင့် ကိုးတို့ ကုမ္ပဏီက လက်တွဲလုပ်နေသည်မဟုတ်လား။
" အင်း....စာချုပ်ကတော့ ပြည့်စုံပါတယ်။ အခုတစ်ခါထဲ လက်မှတ်ထိုးပေးလိုက်ရမှာလား။"
" မလိုသေးဘူး ကိုး။ သူဌေးလဲ စစ်ဦးမှာ။ ကိုခိုက်က စည်းကမ်းကြီးတယ်။ ထပ်စစ်ဦးမယ် ထင်တယ်။ "
စိတ်ပင်ပန်းသလို ခပ်မဲ့မဲ့လေး ရေရွတ်လာသည့် နန်းကြာနွယ် ကို ကြည့်ရင်း ကိုးကွယ်ရာ ပြုံးမိသည်။ ဟုတ်သည်....ခိုက်ထယ်နွန်က စည်းစနစ်ကြီးသလောက် မာနလဲ ခေါင်ခိုက်နေသည့် လူစား။ ချမ်းသာတာလဲ ကျိကျိတက်ဖြစ်ကာ သူချမ်းသာသည်ဆိုတာ ခိုက်ထယ်နွန် တစ်ဝက်မျှသာ။
VOCÊ ESTÁ LENDO
မာယာထောင်ချောက် ( Complete)
Romanceမိုး ဆိုသည့် လှပသော မိန်းမငယ်လေးတစ်ယောက်။ သူမကို ချစ်သော ယောကျာ်းလေးယောက် နဲ့ သူမ၏ အချစ်။ သိပ်ကို လောဘကြီးတဲ့ မိန်းကလေး မိုး။ ဒီဇာတ်လမ်းဟာ မင်းသမီးကို ဖြူဖြူစင်စင်မြင်ချင်သူများ မဖတ်စေချင်ပါဘူး။