P.19

450 22 0
                                    

မာယာထောင်ချောက်
Part - 19

မိဘမဲ့ဂေဟာထဲ ဝင်လာသည့် ကားလေးက တုန့်ခနဲ ရပ်သွားသလို ကားပေါ်မှ ဆင်းလာသည့် လူရွယ်တစ်ဦး။ ဇီးညိုရောင် ရှပ်အင်္ကျီလက်ရှည်ကို စတိုင်ပန် အနက်နှင့် တွဲဝတ်ထားကာ နေကာမျက်မှန်အမဲနှင့် အင်မတန် ကြည့်လို့ကောင်းသည့် ထိုယောကျာ်းသည်.....ခိုက်ထယ်နွန်။

မျက်ဝန်းတို့က ဆွေးရိပ်သမ်းနေသလို ဝမ်းသာကြည်နူးမှုအငွေ့အသက်တွေကလဲ မျက်နှာထက် အထင်းသား။ ဂေဟာ ထဲ ဆော့ကစားနေသည့် ကလေးတွေ ကြည့်ရင်း မလှမ်းမကမ်းမှ ကက္ကိုလ်ပင်ကြီး မြင်သွားတော့ နှုတ်ခမ်းတို့က ပြုံးသည်။ တဆက်ထဲမှာပင် ပြန်ကြားယောင်လာသည့် စကားသံအချို့။

" ဒီမှာ ညီမလေး ကြိုက်တဲ့ ချောကလက်။ "

" ကိုကို့ကို  မိုး အရမ်းသဘောကျတာပဲ။ ချစ်လဲချစ်တယ်။ "

" ဘာဖြစ်လို့...."

" မိုးကို ချောကလက်တွေ အမြဲကျွေးလို့....အဟင်း"

ရင်ထဲနွေးခနဲ ဖြစ်သွားကာ နေရာတွင်စုံရပ်ကာ ငေးကြည့်နေမိစဥ် အနားရောက်လာသည့် မိန်းမတစ်ဦး။

" ဘာအကူအညီလိုလဲ ငါ့တူ။ "

" သြော်..... ကျွန်တော် လာလှူတာပါ။ ကားထဲမှာ ကလေးတွေအတွက် ချောကလက်တွေပါတယ်။ "

ကားထဲက ချောကလက်ဗူးတွေကို ထုတ်ပေးရင်း ဂေဟာ ထဲ ဝင်လာခဲ့လိုက်သည်။ အခြား ကလေးထိန်းတစ်ယောက်အား မုန့်တွေပေးလိုက်ပြီး ရုံးခန်းထဲ အနောက်က လိုက်ဝင်လာရင်း ထိုင်သည်နှင့် အသင့်ယူလာသော ငါးသိန်းအုပ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။

" အစ်မတို့ ဂေဟာ ကို အခုလို လာလှူပေးတာ ကျေးဇူးတင်ပါတယ် ။ မှတ်တမ်းလေး ပေးလိုက်မယ်နော်။ "

" ကျွန်တော် အခု လာတာ လှူချင်လို့ပါ။ ဒါပေမယ့် လူလာရှာတာလဲ ဟုတ်တယ် အစ်မ။ မိုး ဆိုတဲ့ မိန်းကလေးပါ။ ဒီဂေဟာမှာပဲ ကျန်နေခဲ့တာ။ "

" သြော်....မိုးလား။ "

ခိုက်ထယ်နွန် မျက်ဝန်းတို့က မျှော်လင့်ချက်ကြောင့် ဝင်းလက်သွားရင်း ကမန်းကတန်း ခေါင်းငြိမ့်ပြလိုက်သည်။

မာယာထောင်ချောက် ( Complete) Where stories live. Discover now