P.24

493 21 0
                                    

မာယာထောင်ချောက်
Part - 24

ညနေ မိုး အလုပ်ကပြန်လာသည်နှင့် ဧည့်ခန်းထဲတွင် ဆီးကြိုစောင့်နေသည့် ဒေါ်ထိပ်ထားခင် ။ မိုးအရှေ့က ပိတ်ရပ်လိုက်ရင်း လက်နှစ်ဖက်ပိုက်ကာ ခပ်ထေ့ထေ့ ကြည့်လာသဖြင့်.....

" ဘာပြောစရာရှိလို့လဲ အန်တီ။ "

" မင်း အလုပ်ထွက်စာ ယူလာပြီလား။ "

မိုး သက်ပြင်းလေးချမိရင်းမှ....

" အန်တီ့ကို အလုပ်မထွက်ဘူးလို့ ကျွန်မ သေချာပြောခဲ့ပါတယ်။ "

ဒေါ်ထိပ်ထားခင် မိုးကိူ စူးခနဲ စိုက်ကြည့်ရင်းမှ အကြောတင်းသော မိန်းမဟု သတ်မှတ်မိသည်။ အခုထဲကသာ ဦးမချိုးထားရင် ဒီမိန်းမဟာ ကိုယ့်ငယ်ထိပ်တက်ထိုင်မယ့် မိန်းမမျိုး။

" အန်တီ ပြောစရာမရှိရင် ကျွန်မကို ခွင့်ပြုပါ။ "

မိုးက အပေါ်ထပ်တက်သွားသလို ဒေါ်ထိပ်ထားခင် အနား ရောက်လာသည့် ခမ်း။ ခမ်း ထိုမိန်းမ ကို ကြည့်ရင်းမှ ....

" အန်တီ.....ဒီမိန်းမက အကြောအရမ်းမာတာပဲ။ အန်တီ့ကို တစ်ခွန်းမခံ ပြန်ပြောနေတာ.....အရမ်းရိုင်းတယ် ။ "

မိုး အခန်းထဲရောက်သည်နှင့် အိပ်ယာထက် ပစ်လှဲချမိတာ စိတ်မောလူမော။ အခုတလော မဏိ ခြေလှမ်းတွေ ပျက်နေတာ သတိထားမိသည်။ အစကတော့ မိုး လက်ထပ်လိုက်၍ ထင်ပေမယ့် ကုမ္ပဏီ ကနေ ပျောက်ပျောက်သွားတာ တစ်ရက်လဲ မဟုတ်။ မိုး ကုမ္ပဏီ မသွားလျှင်တောင် မဏိ ဘာလုပ်မှန်း မိုး အနည်းငယ် တော့ သိနေသည်။

ယံမခ အန်ကယ့်ကို လေဆိပ်က ကြိုလာပြီး အိမ်ရောက်သည်နှင့် မေမေက သူ့ အစ်ကိုကို မြင်ပြီး ဝမ်းသာအားရ။

" အမလေး....ငါ့အစ်ကိုက ခန့်တုန်း ချောတုန်းပါပဲလား။ လာ လာ ညီမ စောင့်နေတာ ကြာပြီ။ "

ညီမ ဖြစ်သူစကားကြောင့် ဦးညိုခင် ပြုံးလိုက်မိသည်။ တကယ်က တူဖြစ်သူကိစ္စကြောင့် ညီမဖြစ်သူ အပူကပ်လာ၍ ပြန်လာရခြင်းပင်။

မိုး အိမ်အောက်ထပ်ဆင်းလာရင်း မောင့်ကို လှမ်းမြင်လိုက်ရသဖြင့် အနားလျှောက်လာခဲ့သည်။ မောင့်ဘေး လူတစ်ယောက် ရပ်နေတာ မြင်ပေမယ့် သတိမထားမိပဲ....

မာယာထောင်ချောက် ( Complete) Donde viven las historias. Descúbrelo ahora