T တက္ကသိုလ် ဟာ မြို့တော်ရဲ့ အထင်ကရတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တယ်
နာမည်အကြီးဆုံးကျောင်းမဟုတ်ပေမဲ့ အတော်အသင့် နာမည်ရှိပြီးသား တက္ကသိုလ်တစ်ခုမို့ ကျောင်းဝင်းထဲတွင်
မေဂျာအလိုက် ကျောင်းသားကျောင်းသူများနဲ့
အမြဲတစေစည်ကားလျက်ရှိသည်တက္ကသိုလ်ကို လောလောလတ်လတ် ၀င်ခွင့်ရခဲ့သည့်
ပထမနှစ် ကျောင်းသူအသစ်လေး ဆောအာတစ်ယောက် bus ပေါ်မှ လူအုပ်ကြီးကို တိုးကြိတ်ပြီးကားပေါ်ကဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ကားပေါ်မှာထဲက
ဖုန်း ဆက်တိုက်ခေါ်နေသောသူငယ်ချင်းမဖြစ်သူထံ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားရသေးသည်ဆောအာ- " ဟာနာရယ် ငါအခုမှကားပေါ်ကဆင်းရတာ အတန်းစဖို့ကလဲအဝေးကြီးလိုသေးတာကို နင်ကဘယ်လိုဖြစ်လို့ တချိန်လုံးဖုန်းခေါ်နေရတာတုန်း"
ဟာနာ- "ဟဲ့ရေ ငါကသီတင်းကောင်းပြောမလို့ပါ ဒီနေ့ကပထမဆုံးနေ့ဆိုတော့ အတန်းချိန်က ဆယ်နာရီမှတဲ့ အခုမှ ၈နာရီပဲရှိသေးတာကို ငါတို့ လျှောက်ကြည့်လို့ရတယ်
သိလား"ဆောအာ- "အိုကေလေ ဒါဆိုလဲ သွားကြမယ်
နင်အဆောင်ရှေ့မှာဆိုရင်ငါလာခဲ့မယ်လေ"ဟာနာ့ကိုပြောပြီးသည်နှင့် ဖုန်းချလိုက်ကာ ponytail စီးထားတဲ့ လှုပ်ခါနေအောင် အမြန်လမ်းလျှောက်သွားလိုက်ရာ ခနအကြာမှာ ကျောင်းရှေ့ကိုပင်ရောက်နေပြီဖြစ်သည်
တက္ကသိုလ်ကြီးရဲ့ ၀င်ပေါက်ကနေစလို့ မိန်းလမ်းမကြီးတစ်လျှောက်က ခမ်းနားတဲ့အရှိန်အဝါတွေထွက်နေသည်
ကျောင်းအပ်သည့်နေ့က တက္ကသိုလ်ပရဝုဏ်နဲ့ရင်းနှီးပြီးသားဖြစ်လို့ အဆောင်ဘက်ကိုအေးဆေးလျှောက်လာရင်း အညိုရောင်ဆံပင်ရှည်တွေကို ဖြန့်ချထားသည့် သူငယ်ချင်းမကိုတွေ့တော့လက်ပြရင်းနှုတ်ဆက်လိုက်သည်
ဟာနာတစ်ယောက်ထဲမဟုတ်ပဲဘေးမှာလဲ အဝါရောင်ဆံပင်ဂုတ်ဝဲနဲ့ ကောင်မလေးတစ်ယောက်လဲရှိသေးသည်
ပြုံးပြလိုက်တော့ ဟာနာကမိတ်ဆက်ပေးလာသည်"ဆောအာ ဒါငါနဲ့ရင်းနှီးတဲ့ အစ်မလေ ယူမီတဲ့ အစ်မက ဒီနားမှာပဲနေတာ နီးနီးလေးရယ် ငါတို့သွားချင်တဲ့နေရာကိုလိုက်ပို့ခိုင်းလို့ရတယ် အစ်မယူမီ ဒါကဆောအာတဲ့"
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕