စာမေးပွဲကာလဟာ လျှင်လျှင်မြန်မြန်ပဲရောက်လာပြီး En-High မှအထက်တန်းကျောင်းသားတွေအားလုံးဟာ စာကို အပတ်တကုတ်ကြိုးစားကျက်မှတ်ကာ စာမေးပွဲဖြေဆိုခဲ့ကြသည်။
ထို့သို့ဖြင့် နောက်ဆုံးဘာသာရပ်ကိုဖြေဆိုပြီးမှသာ သူတို့အားလုံး တာဝန်ကြီးတစ်ခုပြီးဆုံးသွားသလို စိတ်လက်ပေါ့ပါးသွားကြသည်။
ဖြေဆိုချိန်ပြည့်သွား၍ အတန်းထဲမှကျောင်းသားများကအပြင်သို့ထွက်လာကြရာ ထိုအထဲတွင် ဂျိတ်ခ်ပုခုံးကိုဖက်ထားသောဆောင်းဟွန်းနှင့် ကျန်သောသူငယ်ချင်းများပါပါသည်။
ဆောနူက စာမေးပွဲခန်းမှ ထွက်ထွက်လာချင်း သက်ပြင်းရှည်ကြီးချရင်းပြောလိုက်သည်။
"ဟူး~အခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ်ဗျာ
ခုတလော stressတွေများပြီး မစားနိုင်မသောက်နိုင်တောင်ဖြစ်နေတာ"ဆောနူညည်းညူ၍ပြောပုံလေးက ချစ်ဖို့ကောင်းနေသဖြင့် အကုန်လုံးက ရယ်လိုက်ကြသည်။
ဆောနူက ဂျိတ်ခ်ဘေးမှာရပ်နေသဖြင့် ဂျိတ်ခ်ကလဲ အသည်းယားကာ ဆောနူပါးဖောင်းဖောင်းလေးကို လက်ဖြင့်ဆွဲလိုက်ပြီး ပြောသည်။
"ဟုတ်ရဲ့လား ဆောနူရဲ့ မနက်ကစာမေးပွဲဖြေကာနီး ဆူရှီတွေထိုင်စားနေတာ ဘယ်သူပါလိမ့်"
"ဟျောင်းနော်"
ဂျိတ်ခ်ကစစနောက်နောက်ပြောသဖြင့် ဆောနူနှုတ်ခမ်းလေးဆူပြီးမျက်စောင်းထိုးရာ အကုန်လုံးက ဝိုင်းရယ်ကြပေမဲ့ ဂျိတ်ခ်ပုခုံးကိုဖက်ထားသော ဆောင်းဟွန်းတစ်ယောက်သာမရယ်နိုင်ဘဲမျက်နှာကြီးမဲမှောင်လျက် ဆူပုတ်ပုတ်ဖြင့် စူးစိုက်ကြည့်နေသည်။
ဂျိတ်ခ်က သူ့ဘေးမှဆောင်းဟွန်းမျက်နှာထားကို သတိထားမိသွားပြီး ဆောင်းဟွန်းထံသို့ မျက်နှာလေးမော့ကာ ပြုံးစစဖြင့် စနောက်ရင်းမေးလိုက်သည်။
"သခင်လေးပတ်ဆောင်းဟွန်းရှီ ဘာဖြစ်လို့လဲခင်ဗျ"
"အိခုကဘာလို့ဆောနူပါးကိုသွားကိုင်တာလဲ"
![](https://img.wattpad.com/cover/328760463-288-k582590.jpg)
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕