Part 12 ☕ Zawgyi

89 3 0
                                    

နေ့လည်ထမင်းစားချိန်အပြီး ဘာသာရပ် အတန်းချိန်များတစ်ချိန်ပြီးတစ်ချိန်ကုန်ဆုံးပြီးနောက်  နောက်ဆုံးစာသင်ချိန်လဲပြီးပြီဖြစ်သည်

ကျောင်းသူကျောင်းသားများသည် ကျောင်းဆင်းခေါင်းလောင်းသံကြားသည့်နှင့် အချင်းချင်းနှုတ်ဆက်ရင်း

သံပတ်ပေးထားသည့်စက်ရုပ်များအလား ဒုံးကျည် တပ်ထားသည့်အတိုင်း အခန်းထဲမှ ပြေးထွက်ကုန်ကြသည်



ခေါင်းလောင်းမတီးခင်ကလဲ ဘယ်အချိန်ထဲက သိမ်းဆည်းထားမှန်းမသိသည့် စာအုပ်များထည့်ထားသည့်
အိတ်ကိုလွယ်တာ အိမ်ပြန်ဖို့ရာ ဖင်တကြွကြွနှင့် ခြေလှမ်းတပြင်ပြင်ရှိနေကြသည်

ဘယ်လိုပဲ အထက်တန်းကျောင်းသားကြီးများပင်ဖြစ်နေကြစေကာမူသူတို့အားလုံးရဲ့ ငယ်ရွယ်နုနယ်တဲ့

ဆယ်ကျော်သက်‌ကလေးများပီသ‌သော ကလေးဆန်သည့် အမူအကျင့်ကလေးများမှာ ချစ်ဖို့ကောင်းလှပေသည်

...

လူအရမ်းရှုပ်နေချိန် တိုးထွက်ရမှာ ရှောင်ရှားဖို့ရာ ဂျိတ်ခ်က အခန်းထဲက‌နေ နောက်ဆုံးမှထွက်တတ်သည်

ထို့ကြောင့် ပစ္စည်းများအား အေးအေးဆေးအေးသိမ်းဆည်းရင်း ကျောင်းသားတွေ ပြန်သည့်အချိန်ကိုစောင့်နေတတ်သည်



အတန်းထဲ‌တွင်တော့ စစ်စရာရှိတာ စစ်နေသော အတန်းခေါင်းဆောင်ဂျောင်ဝန်းနှင့်

ဂျောင်ဝန်းကိုစောင့်နေသော ဆောနူတို့အပြင်

ဆောင်းဟွန်းနှင့် ဂျိတ်ခ်သာ ကျန်တော့သည်

ဟီဆွန်းနှင့် ဂျေးသည်လဲ ပြန်သွားနှင့်ပြီဖြစ်သည်

ထိုစဉ် ဆောင်းဟွန်းက ကိုယ်ကိုလှည့်ပြီး  ဘေးသို့စောင်း၍

"ဂျိတ်ခ်"

"..."

ပြန်လည်တုံ့ပြန်မှုမရှိ

ဆောင်းဟွန်းကတော့လက်မလျှော့ သူက
ဒီကောင်လေးရဲ့ Attention ကို လိုချင်သူပဲလေ

"တဆိတ်လောက်
ဒီဘက်က ဂျိတ်ခ်ဆိုတဲ့ အတန်းဖော် ခင်ဗျာ့"

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now