ထိုအချိန်မှစ၍ မနက်တိုင်းလိုလို ဂျိတ်ခ်ရဲ့ ထိုင်ခုံေနရာတွင် တင်ထားတတ်သော မတူညီသည့် မနက်စာဘူးများနှင့် ကော်ဖီ သို့မဟုတ် သောက်စရာတစ်ခွက်က အမြဲမပြတ်ရှိနေတတ်သည်။
ထို့ပြင် ေန့လည်စာစားချိန်အပြီးတွင်တော့ ဆောင်းဟွန်းစားပွဲပေါ်တွင် အအေးဓာတ်မပြယ်သေးသည့် သောက်စရာ တစ်ဘူးကိုအဆင်သင့်တွေ့နိုင်သည်။
ပတ် စံအိမ်၏ ညစာထမင်းဝိုင်းတွင်တော့ ထမင်းတစ်ပန်းကန်တိုးလာသည်နှင့်အတူ ဇွန်းနှင့် တူ အပိုတစ်စုံတို့ရဲ့ ပိုင်ရှင်လေးက ရှိေနတတ်ပြန်သည်
ဂျိတ်ခ်ကအားနာလို့ငြင်းပါသော်လည်း ဂျိတ်ခ်မှ လာမစားရင် မောင်နှမနှစ်ယောက်လုံးက မစားပဲ ပေတေပြီး နေတတ်သည်
ဂျိတ်ခ်က ငယ်ငယ်ကအကြောင်းတွေကို သိပြီးသွားထဲက
ဆောင်းဟွန်းအပေါ် ပစ်ပစ်ခါခါမလုပ်ပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံလာသည်အေးတိအေးစက်စရိုက်နှင့်လူက သူ့အား ဤမျှလောက် အရေးပေးတာကိုက ဆောင်းဟွန်းအတွက် အဖိုးတန်လှသည်ဟု မှတ်ယူသည်
ဂျိတ်ခ်အနေနဲ့ကလဲ ယယ်ဂျီက ဂျိတ်ခ်ကို ခင်တွယ်သလောက်
ဆောင်းဟွန်းကလဲ လေလာလေးထက်ပင် ဂျိတ်ခ်ကို တွယ်ကပ်တတ်သည်မို့
မညာတန်း၀န်ခံရရင် အကုန်လုံကို သံေယာဇဉ်တွယ်မိနေပြီဖြစ်သည်။
ထိုမျှသာမကပတ်စံအိမ်ရှိ ၀န်ထမ်းများ သည်ပင် ဂျိတ်ခ်ကို ချစ်ကြေလသည်
အထီးကျန်နေတတ်သည့် ဂျိတ်ခ်က သူ့ကိုတွယ်တာသူများဖြင့်ပြည့်နေတတ်သည့် ဒီနေရာလေးကိုေနွးေထွးသလိုခံစားရ၍သေဘာကျသည်
ဂျိတ်ခ်နား ကပ်ကာနေရဖို့ လုနေတတ်ကြတဲ့ ပတ်မောင်နှမနှင့်လေလာလေးတို့ဟာ သူ့အတွက်တော့ မနိုင်စိန်ေလးတွေဆိုပေမဲ့
ဂျိတ်ခ်ကိုယ်တိုင်ကိုက မငြိုငြင်ရက်ခဲ့တာဖြစ်သည်ဆောင်းဟွန်းဆိုသည်မှာလဲ ယယ်ဂျီနှင့် လေလာထက်ပင် သူ့ကိုတွယ်ကပ်တတ်သည်
အရိပ်တကြည့်ကြည့် ဂရုစိုက်လွန်းသဖြင့်လဲ ထိုသူရဲ့ ဂရုစိုက်မှုတေွကို ဂျိတ်ခ်တောင် ကျင့်သားရနေနိုင်ပြီဖြစ်သည်

YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕