အမူးလွန်ပြီး ယိုင်တိယိုင်တိုင်ဖြင့်ပျော့ခွေနေသော ဂျယ်ယွန်းကို သန့်စင်ခန်းရှေ့ထိဆွဲခေါ်သွားသော ဆောင်းဟွန်းက သန့်စင်ခန်းအတွင်းသို့ တွန်းပို့ပေးလိုက်ပြီး သူကတော့ အပြင်ကနေတွင်သာ ရပ်စောင့်နေသည်။
ဝင်သွားပြီး နှစ်စက္ကန့်တောင်မကြာလိုက် အခန်း တံခါးဝကနေ မျက်ရည်ဝဲနေသည့်ခေါင်းလေးပြူထွက်လာပြန်သည်မို့ ဆောင်းဟွန်းရင်ထိတ်ရပြန်သည်။
"အိခု ဘာဖြစ်လို့လဲ"
"အစ်ကိုကြီး~ဟင့်~ကျနော့်ဘောင်းဘီလေ
ကျနော့် ဘောင်းဘီက ချွတ်လို့မရတော့ဘူး ဝူး"အရက်မူးပြီး ဘောင်းဘီပါမချွတ်တတ်တော့တဲ့ ရည်စားလေးကိုကြည့်ရင်း ဆောင်းဟွန်း ရယ်လဲရယ်ချင် ငိုလဲငိုချင်ဖြစ်လာသလို သူ့ရှေ့မှ အမူးသမားလေးကိုကြောက်သောကြောင့် ရယ်လဲမရယ်ရဲ ငိုလဲမငိုရဲပါပေ။
ဝိုင်တစ်ပုလင်းနဲ့တင် မူးသွားတဲ့ သူ့ကလေးရဲ့ alcohol ခံနိုင်ရည်စွမ်းကိုကြည့်ပြီး ဆောင်းဟွန်းက သူ့ရှေ့ကလွဲရင် တခြားသူရှေ့မှာ
မသောက်ဖို့ အိခုကို မှာရမယ်ဟုပင်တွေးမိသေးသည်။ထို့နောက်တွင်တော့ ဆောင်းဟွန်းက အထဲသို့လိုက်သွားလိုက်ပြီးကူကယ်ရာမဲ့စွာနဲ့ ဘောင်းဘီဇစ်ကို ချွတ်ပေးရမည့် ခက်ခဲသောမစ်ရှင်ကြီးကိုရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။
ဂျိတ်ခ်ရဲ့ ဘောင်းဘီဇစ်နေရာကို လက်လှမ်းနေတဲ့ဆောင်းဟွန်းလက်တွေအနည်းငယ်တုန်ယင်နေသလို စိတ်ထဲမှာလဲ အဆက်မပြတ် ကျိုးကြောင်းသင့်အောင်တွေးတောလျက် တရားနဲ့ဖြေနေရသည်။
*ဇွိ*
*ဟူး...*
ဘောင်းဘီဇစ်ဆွဲချသံနှင့်အတူ ဆောင်းဟွန်းခုနကအသက်အောင့်ထားသောလေတွေကို စိတ်သက်သာရာရစွာ ရှုထုတ်လိုက်သည်။
ဒီအလုပ်က ခက်ခဲလွန်းလို့ သူ့ရဲ့ မရှိမဲ့ရှိမဲ့လက်ကျန် သမာဓိလေးတွေတောင်ကုန်လုဆဲဆဲ။
ဆောင်းဟွန်းမျက်လုံးက်ုမှေးကြည့်ရင်း အရှေ့ကအမူးသမားလေးများ မူးချင်ယောင်ဆောင်ပြီး သူ့သမာဓိအားကို စမ်းသပ်နေတာလား သံသယတောင်ဝင်မိသည်အထိ။
![](https://img.wattpad.com/cover/328760463-288-k582590.jpg)
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕