ဆောင်းဟွန်းနှင့်ဂျယ်ယွန်းတို့ဟာ တစ်ပတ်လုံးလုံး ညနေကျောင်းဆင်းချိန်တိုင်း ကျန်နေရစ်ခဲ့ကာ ကျောင်း၀န်းအား သန့်ရှင်းရေးလုပ်ပြီးကာမှ ပြန်လေ့ရှိကြသည်။
နှစ်ယောက်သား ကျောင်းကပြန်လျှင်လဲ ဆောင်းဟွန်းက busပေါ်တွင် လူများလာသည်နှင့် ဂျယ်ယွန်းကိုသူ့ရင်ခွင်ထဲထည့်ကာ ဘယ်သူမှမထိနိုင်အောင် အမြဲ ကာကွယ်တတ်သေးသည်
သူတို့နှစ်ယောက် တစ်လမ်းလုံး ထိုပုံစံအတိုင်း Bus တိုးစီးတတ်ကာ ဆောင်းဟွန်းက Vanilla နံ့သင်းသော ဆံပင်ပျော့အိအိလေးတွေကို ခိုးနမ်းဖို့လဲမမေ့။
ထို့ပြင် အပေါ်စီးကမြင်နေရသော ဂျိတ်ခ်ရဲ့ နားရွက်ဖျားနီနီလေးတွေကိုပါ နမ်းချင်စိတ်အား မနည်းမြိုသိပ်ထားရသည်ကိုတော့ ဆောင်းဟွန်းတစ်ယောက်သာ သိပေလိမ့်မည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်ရဲ့ အပြစ်ပေးခံရခြင်းမှာ သိပ်မကြာလိုက်ခင်တွင် တစ်ပတ်ပြည့်သွားပြီး နောက်ဆုံးရက်ပင် ရောက်လို့လာပြီဖြစ်သည်။
ယနေ့တွင် သူတို့နှစ်ယောက်တူတူ ကျောင်းလာချိန်မှာ အနည်းငယ်စောနေသေးသဖြင့် အတန်းထဲတွင် လူအများအပြားတော့မရှိနေ။
ဂျောင်၀န်းနှင့် ဆောနူတို့က ကျောင်းေရာက်နေပြိဖြစ်ပေမဲ့
ရုံးခန်းကို သွားနေကြသည်မို့ အတန်းထဲတွင်မရှိ။ဂျေးနဲ့ဟီဆွန်းကတော့မရောက်ကြသေး။
ဆောင်းဟွန်းက ဂျိတ်ခ်နှင့်တူတူလာသည်မို့ ဂျေးတို့ကို ပလစ်ကာ ကျောင်းလာလျှင် သူတို့နှင့် မလာဖြစ်တော့။
ကျောင်းတက်ချိန်ရောက်ဖို့လိုေသးသည်မို့ ဂျိတ်ခ်က ခုံပေါ်တွင် လက်တင်၍ မှောက်အိပ်လိုက်သည်။
ဆောင်းဟွန်းကတော့ ဂျိတ်ခ်ဘေးခုံတွင်ထိုင်လျက် ဂျိတ်ခ်ကိုယ်ပေါ်သို့ ခေါင်းမှီကာ ယယ်ဂျီ့ရဲ့ ကောင်မလေးတွေအ၀တ်လဲတဲ့ ဂိမ်းအားဆော့နေသည်။
ဂျိတ်ခ်က သူ့ကိုယ်ပေါ်တွင် ခေါင်းတင်မကဘဲ တစ်ကိုယ်လုံးလာမှီထားသူကြောင့် လေးလံလာပြီး တွန်းဖယ်ကာ ခေါင်းကိုအောက်ငုံ့၍မှောက်အိပ်နေရာမှ ဆောင်းဟွန်းကို ကျောပေး၍ တစ်ဖက်သို့လှည့်အိပ်လိုက်သည်

STAI LEGGENDO
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕