ထိုနေ့မှစ၍ ဘေဘီ ဆောင်းဟူးနှင့် ဘေဘီ အိခုက နှစ်ယောက်သား တစ်တွဲတွဲနှင့်ပူးကပ်ကာ
အိမ်နှစ်အိမ်တွင် တစ်လှည့်စီ ကစားကြသည်မှာ နှစ်ယောက်အား ဆောင်းဟူးကျောင်းသွားချိန်နှင့် ညအိပ်ချိန်သာခွဲလို့ရေတာ့သည်
ဆောင်းဟွန်းလေးက အိခုကို အစစအရာရာအလျှော့ပေးသော်လဲ
သူအသည်းယားလာလျှင်တော့ အလစ်ချောင်းကာ ကိုက်တတ်သည်
စစချင်းကလောက် မနာတော့တာမို့ အိခုလေးကလဲ ရိုးသွားကာ မငိုတော့ပေ။
ကလေးလေးနှစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်လေးတွေက ခဏသာ ကြာမြင့်ခဲ့သည်
တစ်လပင်မပြည့်ပဲ ဂျိတ်ခ်တို့ကပြန်သွားရမည့်အချိန်ရောက်လာသောအခါ နှစ်ယောက်သားမခွဲနိုင်၍ ငိုယိုခဲ့ရသေးသည်
ဂျိတ်ခ်ကလဲ စထွက်ထဲက ကားပေါ်နေစလို့လေယာဉ်ပေါ်ရောက်တဲ့ထိ တိတ်တိတ်လေးမျက်ရည်ကျကာငိုနေခဲ့ပြီး
ပတ် စံအိမ်တော်တွင်တော့ ဆောင်းဟွန်းဟာ ချော့မရပဲ တညလုံး ငိုနေခဲ့သည်တဲ့
သူတို့ငယ်စဉ်က စစတွေ့တဲ့အဖြစ်အပျက်ကိုတွေးမိရင်း မျက်နှာတည်ထားတတ်ေသာ ဂျိတ်ခ်ေတာင်မှ မပြုံးပဲမနေနိုင်ချေ။
ဂျိတ်ခ် ပြုံးနေတာမြင်တော့မှ ဆောင်းဟွန်းကပါ ရယ်ရင်း ပြောသည်
" ကိုယ် ဂျိတ်ခ်ကိုပြစရာရှိတယ် ခဏလေး "
ပြောပြောဆိုဆိုနှင့် အိမ်ပြင်သို့ထွက်သွားသော ဆောင်းဟွန်းက ပြန်၀င်လာသောအခါ
သူ့အနောက်တွင် ရွှေညိုရောင်အေမွှးဖားဖားနှင့် Golden Retriever ခွေးကြီးတစ်ကောင်ကပါလာခဲ့သည်
"သူ့နာမည်က Laylaတဲ့ ဂျိတ်ခ် ပြန်သွားပြီးတဲ့အချိန်လောက်ထဲက မွေးထားတာ "
ဂျိတ်ခ်က သူ့ကိုယ်ပေါ်သို့ တက်လာသော Laylaအား
လက်နှစ်ဖက်နှင့် ချီ မြှောက်ထားလိုက်ပြီးလေလာရဲ့ နူးညံ့သော အမွှေးလေးများေကြာင့် ဂျိတ်ခ်ရဲ့ နှလုံးသားလေးပါ နူးညံ့သွားကာ အပြုံးကြီးကြီးပြုံးနေမိတော့သညိ
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕