( ဤအပိုင်းတွင် ရိုင်းစိုင်းသောအသုံးနှုန်းများပါ၀င်တာကြောင့် ကြိုပြီးတောင်းပန်ထားပါရစေ
Character အရ ရေးထားခြင်းဖြစ်ပြီး
Idol Image ကိုထိခိုက်စေလိုခြင်း လုံး၀လုံး၀မရှိပါ)...
ဂျယ်ယွန်းမှာလဲ အခန်းထဲက ထွက်လာပြီးနောက် စိတ်တွေရှုပ်ထွေးေနသည်
ဆောင်းဟွန်းက သူ့ကိုဘာလို့ အဲ့လိုတွေလာပြောရတာလဲ
သူပြောတာတွေကလွန်တယ်ဆိုပေမဲ့ ဂျယ်ယွန်းပြန်ထိုးလိုက်မိတာကရော မှားများသွားပြီလား
ဆောင်းဟွန်းနှုတ်ခမ်းထောင့်က ဒဏ်ရာကိုမြင်ယောင်ပြီး သူစိတ်ပူနေမိသည်ကို ၀န်ခံရပေမည်
*ဟူး~ ပတ်ဆောင်းဟွန်းဆိုတဲ့ တစ်ယောက်က ဘာလို့
ဒီလောက်တောင် စိတ်ရှုပ်ဖို့ကောင်းနေတာလဲကွာကားထဲ၀င်လာထဲက ကြားရသည့် သက်ပြင်းချသံကြောင့်
နီခီက သူ့အစ်ကိုကို လှည့်လို့ကြည့်သည်ထိုအခါမှ ဂျိတ်ခ်လဲ စိတ်ရှုပ်နေသည့် အမူအရာကိုပြင်ကာ
ပုံမှန်အတိုင်းမျက်နှာကိုတည်ထင်းထားလိုက်သည်နီခီတို့အိမ်သို့ရောက်သော် အိမ်တွင်ခဏနေပြီး
ဦးလေးတို့ အန်တီတို့အား နှုတ်ဆက်ပြီးနောက်
နီခီတို့အိမ်ကကားနှင့်ပင် အဘွားအိမ်သို့ ထွက်လာခဲ့သည်
တကယ်တော့ ဂျိတ်ခ် ဒီနေ့ နီခီတို့အိမ်ကိုပြန်ခြင်းဟာ
ညအိပ်ဖို့မဟုတ်ပဲ လူကြီးများကိုနှုတ်ဆက်ဖို့သာဖြစ်သည်။ဟုတ်ပါ၏
ဂျိတ်ခ်သည် ဒီနေ့ကစပြီးတစ်ယောက်ထဲနေဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်
Driver ထံမှ ရောက်ပြီဖြစ်ကြောင်း ကြားသည်နှင့် Driver အား နှုတ်ဆက်ပြီး လွယ်အိတ်ကိုယူကာ ကားပေါ်ကဆင်းလိုက်သည်
ထို့နောက်လွယ်အိတ်လေးလွယ်ကာ မတ်တပ်ရပ်ပြီးကြည့်လိုက်ရာသူရောက်နေသည်ကား နှစ်ထပ်တိုက်အိမ်လေးတစ်လုံး၏ ရှေ့တွင်ဖြစ်သည်
ထိုအိမ်မှာ သူ့အဘွားဖြစ်သူ၏အိမ်ဖြစ်သည်
အဘွားမဆုံးခင် ဂျိတ်ခ်ငယ်ငယ်ကေတာ့ တစ်ခါနှစ်ခါလာလည်ဖူးသည်

YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕