ဂျိတ်ခ်က ဤရက်ပိုင်းအတွင်း ဆေးရုံနှင့် အိမ်ကို ကူးသန်းနေသည်ကလွဲရင် အပြင်မထွက်ပေ။
သူကဆေးရုံမှာနေရင်နေ မနေရင် အိမ်မှာနေပြီး ဆောင်းဟွန်းနှင့်ဆက်သွယ်နေတတ်သည်။
ထိုအတိုင်းဖြစ်နေခဲ့သည်မှာ တစ်ပတ်ပြည့်သွားသောအခါ ဂျိတ်ခ်က နောက်ရက်အနည်းငယ်အတွင်း ကိုရီးယားကိုပြန်တော့မည်ဖြစ်ကြောင်း သူ့မိဘတွေကို ပြောလိုက်လေသည်။
မိဘတွေက သားအငယ်ဆုံးလေးအား မျက်နှာလေးမြင်ရပြီးဖြစ်သဖြင့် အလွမ်းပြေသွားရပေမဲ့ ကျောင်းပြန်ဖွင့်တဲ့အထိ မပြန်ဘဲ အချိန်ကြာကြာဆက်နေစေချင်သေးသည်။
ဂျယ်ယွန်းမှာဆက်နေချင်သေးသော်လည်း သူ့ကောင်လေး ဆောင်းဟွန်းတစ်ယောက် အလွမ်းဆိပ်တက်ပြီး အိမ်ထိလိုက်လာနေမှာစိုးသဖြင့် နောက်ထပ်နှစ်ပတ်မျှထပ်နေရန်သာ ညှိနှိုင်းလိုက်ရသည်။
ထိုအကြောင်းကိုဆောင်းဟွန်းအားပြောတော့ သခင်ထံမှ စွန့်ပစ်ခံလိုက်ရတဲ့ ခွေးပေါက်လေးလိုမျက်၀န်းတွေနဲ့ကြည့်ကာ ငိုသံပါကြီးနဲ့ ဒရမာတွေခင်းလိုက်သေးသည်။
ဂျိတ်ခ် မှာစိတ်ရှည်လက်ရှည်နှင့်ချော့ကာ အချိန်တိုင်းလိုလို ဖုန်းဆက်ပါ့မည်ဟု ကတိပေးကာမှ ဆောင်းဟွန်းမှာလဲ လက်ခံလိုက်ရတော့တာပဲ။
ဂျိတ်ခ်ကနေ့တိုင်း ဆေးရုံသို့သွားသည့်အပြင် ဆောင်းဟွန်းကိုလဲ အချိန်တိုင်းလိုလို အဆက်သွယ်မပြတ်ရှိနေရာမှ အချိန်များကုန်ဆုံးလာပြီး နှစ်ပတ်ကျော်လာပြီဖြစ်သည်။
ဒီရက်များတွင် ကြေကွဲလူငယ်ေလးဖြစ်ေနရှာေသာ ဆောင်းဟွန်းမှာတော့ ကလေးလေးအနားမကပ်ရသော်လည်း ဂျိတ်ခ်၏ အငွေ့အသက်များလွှမ်းခြုံရာ ဂျိတ်ခ်အိမ်ဘက်သို့အမြဲရောက်နေတတ်လေသည်။
ဂျိတ်ခ်ကိုယ်တိုင်က ယုံကြည်စွာဖြင့် အိမ်သော့များ အပ်သွားသည့်အတွက် ဆောင်းဟွန်းမှာ ဂျိတ်ခ်၏အိမ်အား တံခါးမရှိ ဓားမရှိ စိတ်ရှိသလို ၀င်ထွက်နိုင်လေသည်။
ယနေ့တွင်လဲ နေ့လည် ဆယ့်တစ်နာရီလောက်တွင် ဆောင်းဟွန်းက လုပ်စရာမရှိသဖြင့် ဂျိတ်ခ်၏ အိမ်ဘက်သို့ကူးလာလေသည်။
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕