Part 32☕ Unicode

477 47 37
                                    

အိပ်ခန်း ပြတင်းပေါက်များအား လိုက်ကာ အပြည့်ကာထားသဖြင့် နေရောင်က အိပ်ခန်းအတွင်းမဖြာကျနိုင်ဘဲ အခန်းတွင်းတွင် လင်းမထိန်‌ေနပေ။


အပြင်ဘက်တွင် နေက သာနေသော်လည်း အခန်းတွင်းသို့ နေရောင်မရနိုင်သဖြင့် အခန်းထဲက လူအဖို့ မည်သည့်အချိန်ရောက်နေပြီမှန်းသိနိုင်မည်မဟုတ်ချေ။




အိပ်ခန်းအတွင်းတွင် အိပ်ယာပေါ်ရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ပုံရိပ်လေးမှ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မျက်တောင်ဖျားလေးလှုပ်ခတ်သွားလေသည်။


နောက်တစ်စက္ကန့်အကြာတွင် လိပ်ပြာတောင်ပံလေးခတ်လိုက်သကဲ့သို့ ဂျိတ်ခ်ရဲ့ မှိတ်ကျ‌ေနတဲ့မျက်တောင်လေးတွေက လှုပ်ခတ်သွားပြီး မျက်လုံးပွင့်လာလေသည်။

မျက်လုံးများပွင့်လာပြီး အိပ်ယာနိုးလာသော်လည်း ဂျိတ်ခ် စိတ်ထဲတွင် အသိစိတ်လွတ်နေသူတစ်ဦးလို မျက်နှာကျက်ရှိ မီးလုံးများကို မျက်၀န်းသေများဖြင့် ငေးမောနေလေသည်။


ထို့နောက် ဂျိတ်ခ်ရဲ့ ကိုက်ခဲနေတဲ့ ခေါင်းထဲရှိ မှတ်ဉာဏ်တစ်ချို့က သူ့ အာရုံထဲ ရောက်ရှိလာသောအခါ ဂျိတ်ခ်မျက်၀န်းလေး‌တွေပြူးကျယ်ကုန်သည်။


ဂျိတ်ခ်က မျက်လုံးလေးပြူးရင်းထထိုင်လိုက်ပြီး စိတ်ထဲကလဲအသံကုန်အော်ဟစ်လိုက်သည်။


*အားးးး ရှင်းမ်ဂျယ်ယွန်း! တကယ်ရူးသွားပြီလား
မနေ့ညက ဘာတွေလုပ်ခဲ့မိတာလဲ*



သူများတွေ အမူးလွန်ပြီး နောက်နေ့ဘာမှမမှတ်မိတတ်ပေမဲ့ ဂျိတ်ခ်ကတော့ ခြားနားစွာပင် တစ်ခုမကျန်ကို မှတ်မိနေတော့ခက်သည်။


ပိုဆိုးတာက မှတ်မိနေတာမှ ကွက်ကွက်ကွင်းကွင်းကိုမှတ်မိနေခြင်းပင်။


မနေ့ညက သူနဲ့ဆောင်းဟွန်းတို့ကြားဖြစ်ခဲ့သမျှကို အနှေးဇာတ်ကွက်ဖြင့် ရုပ်ရှင်တစ်ကားကြည့်နေရသလို ပြန်မြင်ယောင်သွားတဲ့အခါ ဂျိတ်ခ်မျက်နှာလေးက ခူးဆွတ်ခံရဖို့အသင့်ဖြစ်နေတဲ့ စတော်ဘယ်ရီသီးလေးလို နီရဲတွတ်သွားလေသည်။


𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now