Part 20 ☕ Unicode

392 55 4
                                    

ဆောင်းဟွန်းနဲ့ ဂျိတ်ခ် နှစ်ယောက်သား Class 1 ရှေ့သို့ရောက်ရောက်ချင်း လှည့်ကြည့်လာကြသော အတန်းထဲမှလူများအားလုံးကြောင့် နှစ်ယောက်လုံး အခန်းထဲတောင်ခြေမချရသေးခင် တန့်သွားကြသည်။

ထို့နောက် အတန်းခေါင်းဆောင် ဂျောင်၀န်း ဆောနူနှင့် class 1တစ်ခန်းလုံးက နေရာမှထကာ သူတို့ရှေ့တိုးကာအနားကပ်လာသည်မို့

ဆောင်းဟွန်းက ရှေ့က လူအုပ်ကြီးကြောင့် ကြောင်အစွာနဲ့ မိမိ လက်မောင်းများထဲ သိုင်းဖက်ထားသည့် ဂျိတ်ခ်ကိုမိမိရင်ခွင်ထဲရောက်သည်အထိ တင်းကြပ်စွာဖက်ရင်း အနားသို့ပိုတိုးကပ်ထားလိုက်သည်။

ထိုသည်မှာ ဆောင်းဟွန်းရဲ့ ခန္ဓာကိုယ်က သူ့ဘာသာတောင်မသိလိုက်ခင် ဘယ်အခြေနေမှာမဆို ‌ဂျိတ်ခ်ကိုကာကွယ်ဖို့ အသင့်ဖြစ်နေခြင်းကြောင့်ဖြစ်နိုင်သည်

ဂျိတ်ခ်က သူ့ကိုအတင်းကပ်လာဖက်နေသော ဆောင်းဟွန်းနှင့် အရှေ့က လူအများကြီးကြောင့် စိတ်ရှုပ်ကာ ဆောင်းဟွန်း နံကြားနေရာကို တံတောင်ဆစ်ဖြင့် တွန်းထိုးလိုက်တာကြောင့် *အ ဆိုပြီးအသံတောင်ထွက်သွားသည်

နာသွားမှ သူ့ကိုအတင်းဖက်ထားသည်အား လွှတ်ပေးလိုက်သည့်
ဆောင်းဟွန်းလက်က လွတ်မှ အရှေ့က လူတွေထံအေးစက်စက်ကြည့်လိုက်သည်။

ထိုစဉ် သူတို့နှစ်ယောက်ဖြစ်ပျက်နေသည်ကို ကြောင်ပြီးရပ်ကြည့်နေကြသည့် လူများကြားမှ ရုတ်တရက်ပြေးထွက်ကာ ဂျိတ်ခ်လက်မောင်းကို လာဖက်သည်က ဆောနူ။


ဆောနူ : " ဂျိတ်ခုဟျောင်း~~~!"

ဂျိတ်ခ် : (⁠─⁠.⁠─⁠|⁠|⁠)


ဆောနူက vocal power ကောင်းကောင်းနှင့် နားနား ကပ်ကာ အော်ခေါ်လာတာကြောင့် ဂျိတ်ခ် ခမျာခေါင်းတောင် ဘေးကိုနည်းနည်းစောင်းလိုက်ရသည်


ဆောနူ :" ဂျိတ်ခုဟျောင်း ကျွန်တော့်ကို ကူ‌ညီပေးတာကျေးဇူးတင်ပါတယ်
အဲ့ဒီ‌ေနရာမှာ ဟျောင်းသာမရှိခဲ့ရင် ကျွန်တော်
တစ်‌ေယာက်တည်းသာဆို ဘာမှပြန်လုပ်နိုင်မှာမဟုတ်ပဲ
ငိုနေရုံပဲတတ်နိုင်ခဲ့မှာ"


𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Donde viven las historias. Descúbrelo ahora