လက်ရှိ အချိန်ကာလသည်ကား
သက္ကရာဇ်အားဖြင့် 2028 ခုနှစ်
အကယ်၍ တစ်စုံတစ်ယောက်ကသာ
En-highschool ရဲ့ ဆရာများ ရုံးခန်းအတွင်းရှိ
နံရံကပ်ဗီဒိုတစ်ခုအား ရှာဖွေကြည့်ခဲ့ပါမူအတွင်းတွင် 2022ခုနှစ်၌ En-Highမှ graduatedဖြစ်ခဲ့သော ကျောင်းသားဟောင်းများကို တွေ့နိုင်မည့်
School Yearbook စာအုပ်တစ်အုပ်ရှိလေသည်ကျောင်းသားဟောင်းအားလုံး၏ ဓာတ်ပုံများပါဝင်သောထိုစာအုပ်၏ နောက်ဆုံးစာမျက်နှာထက်တွင်တော့
ရင်းနှီးပုံရှိသော ကောင်လေးနှစ်ယောက်ရဲ့ ဓာတ်ပုံများကိုလဲ သင် ရှာတွေ့လိမ့်မည်
ထိုဓာတ်ပုံတို့အားသေချာကြည့်လျှင်
တစ်ယောက်မှာ ဘာကိုမှအလေးနက်မထားဟန်ဖြင့် လျော့တိလျော့ရဲဟန်ပေါက်သော အပြုံးတစ်ခုကို မျက်နှာချောချောပေါ်တွင် ဆင်မြန်းထားသည်
ကျန်တဲ့နောက်ဆုံးတစ်ယောက်မှာမူကား လှပသောမျက်နှာအား နူးညံ့သိမ်မွေ့ခြင်းအလျင်းမရှိစွာ တည်တင်းထားသည်ကိုတွေ့နိုင်သည်
...
အချိန်ယန္နရားအား ခရီးနှင်ကာ အတိတ်ဟူသော ပန်းချီကားချပ်ထက်မှ ရုပ်ပုံလွှာများကိုသာဆန်းစစ်မိပါက
ParkSim Café ရဲ့ ဆိုင်ရှင်လေးတို့အား အထက်တန်းကျောင်းသားလေးများအဖြစ် တွေ့ရပေမည်
လက်ရှိတွင်Benjamin Park Group ကို
ဦးစီးနေသည့် CEO Park ဆိုသူမှာ
တစ်ချိန်က နာမည်ကြီးသည့်
ထိပ်တန်းကျောင်းသား ကျောင်း idol တစ်ယောက်
ဖြွဈလငျ့င့်ကစား မရင့်ကျက်သေးသော စရိုက်နှင့် လူငယ်ဆန်သောကျောင်းသားကောင်လေး ဖြစ်ခဲ့သည်မှာ ယုံနိုင်ဖွယ်ရာမရှိထို့ထက်ပို၍မယုံနိုင်စရာကောင်းခြင်းမှာ
နွေးထွေးသောအပြုံးကို ဖန်တီးတတ်သော
Café ဆိုင်ရှင် Barista လေးမှာ တစ်ချိန်က တစ်ကျောင်းလုံးကကြောက်ရတဲ့ ကျောင်းလူဆိုးလေး တစ်ဦးဖြစ်လို့နေခဲ့ပြန်သည်ဤသည်ကား မယုံလျှင်ပုံပြင်မှတ်၍
မရသော အမှန်တရားပင်ဖြစ်ပေလိမ့်မည်
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕