Part15☕ Zawgyi

87 5 0
                                    

မထင်မှတ်ထားလောက်အောင် ဆောင်းဟွန်းရဲ့ လက်ရာဟာ ကောင်းမွန်သည်ထက်ပင် ပိုနေပါသေးသည်။


Sandwich ယူလာပေးတုန်းကလဲ အရသာကောင်းပေမဲ့ သူ့အရှေ့မှ သခင်လေးပတ်ဆိုသူအား  အခုလို ဟင်းလျာတွေပါ ချက်တတ်မယ်လို့မထင်ခဲ့ပေ။

ဗိုက်ဆာနေတဲ့ ဂျိတ်ခ်ကလဲ မျက်စိရှေ့မှ အရသာရှိလှတဲ့ အစားအသောက်များရဲ့ဆွဲဆောင်မှုများကြောင့် 
ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရစားမိတော့သည်



သူ့လက်ရာကို သဘောတွေ့ပုံရသော အရှေ့က အသေးလေးကြောင့် ဆောင်းဟွန်းကစိတ်သက်သာရာရသွားပြီး

မျက်နှာပေါ်ကအပြုံးတွေကလဲ ပိုပိုပြီး ပီပြင်လာသည်

ယခုဆိုလျှင် ယယ်ဂျီအပြင် သူ့လက်ရာကိုသဘောကျသူ တစ်ယောက်ပိုတိုးလာပြီဖြစ်သည်

ဆောင်းဟွန်းစိတ်ထဲတွင်လဲ အနာဂတ်တွင် ဂျိတ်ခ်ကြိုက်တဲ့အစားအစာတွေချက်ကျွေးနိုင်ဖို့ သူကြိုးစားပြီး ‌သင်ထားမယ်လို့ တွေးနေမိသည်





သူ့ကိုပြုံးပြီး ငေးကြည့်နေသော ပတ်ဆောင်းဟွန်းရဲ့ နူးညံ့တဲ့မျက်ဝန်းတွေကြောင့်

ဂျိတ်ခ်ရဲ့ရင်ထဲ၌ နည်းနည်းတော့ ထူးဆန်းလာကာ

အကြည့်လွှဲရင်း ထိုသူနှင့် ထပ်ပြီး အကြည့်ချင်းမဆုံမိအောင်  အသည်းအသန် ကြိုးစားမိတော့သည်


သို့သော်လည်း အနည်းငယ်မျှနေရခက်ရုံသာရှိပြီး အဆင်မပြေဖြစ်တာမျိုးတော့ လုံးဝမရှိခဲ့

ဂျိတ်ခ်က သူ့ကိုယ်သူလဲ အရမ်းအံ့ဩမိပါသည်

‌အမှန်စင်စစ်သူက သိပ်ပြီးမရင်းနှီးသော သူစိမ်းတစ်ယောက်၏ အိမ်တွင် ညစာစားနေရခြင်းဖြစ်သော်လဲ

စိတ်ထဲတွင်မူ နည်းနည်းမှ စိမ်းသက်ခြင်းမရှိပေ

ယခုထမင်းဝိုင်းသည်ကား သူ့ဦးလေးအိမ်မှာကဲ့သို့တောင် သူနှင့်မသက်ဆိုင်သော နေရာတွင် သူက အပိုလူတစ်ယောက်လိုဖြစ်နေသည်ဟုလဲ မခံစားရ

ဘာဖြစ်လို့ အခုလိုထူးဆန်းနေရလဲဆိုတာ သူ့ကိုယ်သူတောင်နားမလည်နိုင်တော့ပြီ

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now