"ဂျောင်၀န်းနီး"
ဆောနူနဲ့အတူ ကျောင်းအပြန်တွင် ပလက်ဖောင်းပေါ်၌လမ်းလျောက်ရင်း စကားတပြောပြောလုပ်နေသော ဂျောင်၀န်းရဲ့ခြေလှမ်းတွေဟာ နှလုံးသားရဲ့အောက်ခြေအထိ ရင်းနှီးနေသောအသံကြောင့် ချက်ချင်းဆိုသလို ရပ်တန့်သွားကာ နောက်လှည့်ကြည့်မိသည်။
ဂျောင်၀န်းရင်းနှီးေနတဲ့ အသံပိုင်ရှင်ဟာတခြားသူမဟုတ်ဘဲသူသိပ်သေဘာကျရပါသော ဂျေး။
သူ့ကိုအမြဲကြင်ကြင်နာနာပြုံးပြတတ်သော ဂျေးဟျောင်း။
သူတဖက်သတ်ချစ်ရသူကိုမြင်တာနဲ့ဂျောင်၀န်းမျက်၀န်းလေးတွေ ၀င်းလက်ကာ ပိုပြီးအရောင်တောက်ပသွားသည်။
"ဂျေးဟျောင်း~~"
သူ့ကိုကြည့်ကာ ပါးချိုင့်လေးတွေခွက်၀င်နေအောင်ရယ်ပြနေသော ကလေးငယ်ကြောင့် ဂျေးရဲ့စိတ်လှုပ်ရှားမှုဟာ နှစ်ဆတိုးသွားတာကြောင့် တံတွေးပင်မြိုချမိသည်။
ဂျေးခမျာ ဟီးဆွန်းဟျောင်းတို့ ဝိုင်းမြှောက်ပေးလို့သာ သတ္တိမွေးလာရတာ တကယ်တမ်း ဂျောင်၀န်းလေးရှေ့လဲရောက်ရော ခြေထောက်တွေပင်မခိုင်တော့သလိုလို။
ဆောနူကအနောက်ဘက်မှ မျက်နှာရိပ်မျက်နှာကဲပြကာ အလိုက်တသိရှောင်ထွက်သွားပေးတာမို့ ဂျေးက ဂျောင်၀န်းနဲ့နှစ်ယောက်ထဲကျန်ခဲ့သည်။
ဂျောင်၀န်းလေးကတော့ ဂျေးနဲ့အကြည့်ချင်းမဆုံရဲတော့သဖြင့် ခေါင်းကြီးငုံ့ကာ စီးထားတဲ့ sneakers ထိပ်ဖျားကိုသာ စိုက်ကြည့်နေမိသည်မှာ ဆောနူရှိေသးသည်ကိုပင် မေ့သွားသည်။
ဂျေးက ရှိသမျှသတ္တိေတွစုစည်းပြီး အရဲစွန့်ကာ ပြောလိုက်သည်
"ဂျောင်၀န်းနီး ပြန်တော့မှာမလား ကိုယ်လိုက်ပို့မယ်လေ ဒီနေ့"
"ဟုတ် ဂျေးဟျောင်း"
ထို့ေနာက် နှစ်ယောက်သား ဘေးချင်းယှဉ်ကာ လမ်းလျှောက်လာကြရင်း ဂျောင်၀န်းတို့ရပ်ကွက်ထဲရောက်သည်အထိ စကားတစ်ခွန်းမှမဆိုမိ။
ဝုန်းဒိုင်းကြဲေနတဲ့ ရင်ခုန်သံတွေကိုသာ အဖော်ပြုေနကြရင်း တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက ဂျေးပင်။
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕