Part 30 ☕ Unicode

439 55 29
                                    

‌ဆောင်းဟွန်းအိမ်ကကားနှင့်သွားလို့ရသော်လည်း မြေအောက်ရထားစီးချင်ပါသည်ဟု‌ဆိုသော ချစ်သူလေး၏စကားကြောင့် မြေအောက်ရထားဘူတာရုံသို့ထွက်ခဲ့ကြခြင်းဖြစ်သည်။

Hongdaeမှာ သူတို့နှင့် နီးသည်မို့ မြေအောက်ရထားစီးလျှင်လဲ ကြာကြာမစီးရ‌ဘဲ ဘူတာရုံသုံးခုလောက်ဆို ရောက်ပြီဖြစ်သည်။

သူတို့ရပ်ကွက်အနီးမှ‌ဘူတာရုံသို့ရောက်ရောက်ချင်း လူရှုပ်နေသဖြင့် ဆောင်းဟွန်းက ဂျိတ်ခ်ကို ဖက်ရင်း သူ့အနားသို့ အတင်းကပ်ထားစေသည်။

သူတို့နှစ်‌ေယာက်ကိုဖြတ်သွားသမျှလူတိုင်းက ကြည့်ကြသည့်အပြင် နှစ်ခါမကလည်ပြန် ငေးနေကြသည်။

ရထားဘူတာရုံက ဖြတ်သွားဖြတ်လာ ကောင်မလေးအများစုဟာ ‌လိုက်ဖက်လွန်းတဲ့ အတွဲလေးကြောင့် မျက်လုံးထဲ ဘလင်းဘလင်း တွေဖြစ်ကာ အားကျသောအကြည့် သဘောကျနှစ်ခြိုက်သည့်အကြည့် စသဖြင့် အကြည့်ပေါင်းစုံဖြင့် ကြည့်လာကြသည်။

တချို့က‌ေတာ့ ဂျိတ်ခ် လည်ပင်းက အနီရောင်အမှတ်သားရာကိုသတိထားမိသွားပြီး ပြုံးစိစိနှင့် ဖော်ပြရခက်သောမျက်နှာထားမျိုးဖြင့် ကြည့်တတ်သဖြင့် အပြစ်ကင်းသူလေး ဂျိတ်ခ်ခမျာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ အူကြောင်ကြောင်လေးဖြစ်ကာ စိတ်ထဲတွင်‌လဲတွေးလို့နေသည်။

*ငါ့ကို ဒီလူတွေ အကုန် ဘာလို့အဲ့လိုအကြည့်တွေနဲ့ လာကြည့်နေတာပါလိမ့်*

သေချာတာပေါ့

ဒီဖြစ်ရပ်ရဲ့ အဓိကတရားခံကြီး ပတ်ဆောင်းဟွန်းကတော့ သူတို့ မျက်နှာထားတွေကို သေချာပေါက် သိတာပေါ့။

ဆောင်းဟွန်းက ဂျိတ်ခ်ကို ငမ်းနေကြတဲ့ လူတွေအားလုံးကို  မေးကိုပင့်တင်လျက် မျက်နှာကိုမော်ကာ မောက်မာသောအမူအရာနှင့် စူးစိုက်ကြည့်ရင်း *ဂျိတ်ခ်ကသူ့အပိုင်ဖြစ်ကြောင်း ဂျိတ်ခ်လည်ပင်းကအမှတ်အသားက သက်သေဖြစ်ကြောင်း*သတိပေးလျက်ရှိသည်။

ထိုသို့ ‌ဘူတာရုံကလူများကို ခွေးစာများဖြင့်နှိပ်စက်ပြီးနောက်တွင်တော့  ငတုံးလေး ဂျိတ်ခ်နှင့် ဉာဏ်များသူကြီးဆောင်းဟွန်းတို့အတွဲ‌ေလးဟာ လက်မှတ်၀ယ်ကာ မြေအောက်ရထား‌ေပါ်သို့ စီးနင်းလိုက်ပါလာသည်။

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now