Part 18 ☕ Unicode

399 53 4
                                    

( ဤအပိုင်းတွင် ရိုင်းစိုင်းသောအသုံးနှုန်းများပါ၀င်တာကြောင့် ကြိုပြီးတောင်းပန်ထားပါရစေ
Character အရ ရေးထားခြင်းဖြစ်ပြီး
Idol Image ကိုထိခိုက်စေလိုခြင်း လုံး၀လုံး၀မရှိပါ)

...

ဂျိတ်ခ်အ‌ေနနဲ့ သူ့မျက်စိရှေ့က အကျည်းတန်လှသည့်မြင်ကွင်းကို ကြည့်ရင်း ဘယ်လိုမှမနေသာတော့

သူက မတရားမှုတွေကိုမြင်ရင် နည်းနည်းလေးတောင်လက်ပိုက်ပြီးကြည့်မနေနိုင်သူဖြစ်သည်

ဆောနူနေရာမှာ တခြားသူဆိုလျှင်တောင် သူ ကူညီမိမှာဖြစ်ပြီး

အခုက တခြားသူမဟုတ်သည့် သူ့ညီ နီခီရဲ့

အသက်သွေးကြောလေးဖြစ်နေတော့ ပိုပြီးတော့ပင် ကြည့်မနေနိုင်တော့။

ခြေလှမ်းကိူ ခပ်မြန်မြန်လှမ်းလိုက်ပြီး

ဆောနူနှင့် လူရမ်းကားတို့၏ကြားတွင် ၀င်ရပ်လိုက်ကာ

ဆောနူကို သူ့အနောက်တွင်ပို့ထားလိုက်ပြီး

အနောက်ဘက်ဝေးဝေးသို့ အနည်းငယ်ထပ်တွန်းလိုက်သည်

ဆောနူ၏ ခုနက ကူကယ်ရာမဲ့နေသော ခံစားချက်များဟာ

စိတ်လုံခြုံမှုများအဖြစ်သို့ ပြောင်းသွားကာ
စိတ်သက်သာရာအနည်းငယ်ရသွားသည်

ဂျိတ်ခ်ပါ၀င်ပါလာသောအခါ ဘေးမှ ပွဲကြည့်သည့်လူများမှာ ရုတ်ချည်း လူအရေအတွက်တိုးလာကြသည်


တစ်ဖက်မှ ဂျွန်ယောင်းတို့အုပ်စုကမထင်မှတ်ထားသည်များဖြစ်ပျက်သွားလို့ ကြောင်အနေစဉ်

ဂျိတ်ခ်က ကြောက်စရာကောင်းလာက်အောင် အေးစက်‌ေသာလေသံနိမ့်နိမ့်ဖြင့်

"ဖယ်လိုက်"

"ကောင်းကောင်းပြောနေတုန်း သူသွားမဲ့လမ်းကနေဖယ်လိုက်"

ဂျိတ်ခ်ပြောသံကြားမှ အသိ၀င်လာသော ‌ဂျွန်ယောင်းက

"တောက်ခ်!! မလောက်လေးမလောက်စားနဲ့

ငါ့ကိုများ ဟိုလိုလုပ် ဒီလိုလုပ် အမိန့်ပေးနေရအောင်
မင်းကဘာကောင်မို့လဲ"

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Opowieści tętniące życiem. Odkryj je teraz