Part 24 ☕ Unicode

349 49 11
                                    

စာမေးပွဲမတိုင်ခင် အချိန်က နှစ်ပတ်အလိုသာကျန်တော့သည်။

En Highschool မှကျောင်းသားများအားလုံးဟာ စာမေးပွဲနီးလေလေ အရင်ကထက် ပိုပြီး စာကြိုးစားလာကြသည်။

အထက်တန်းဒုတိယနှစ်မှကျောင်းသား‌ေကျာင်သူများသည်
အခြားကျောင်းသားများထက်ပင်ကြိုးစားကြသေးသည်။

အဘယ့်ကြောင့်ဆိုသော် နှစ်၀က်စာမေးပွဲ‌ေဖြတိုင်း အဆင့်တွေပြန်စီကာအခန်းခွဲသည်မို့ ကျောင်းရဲ့ နတ်သားလေး ၆ယောက်‌ေတာင်ရှိတဲ့ Class1ကို ၀င်ဖို့ရဖို့အရေးပိုကြိုးစားကြသည်။

သို့သော်လဲ Class 1မှာရှိနေပြီးသားကျောင်းသားများက တခြားအခန်းကိုမ‌ေပြာင်းရဖို့ရန် ပိုပြီးကြိုးစားကြပြန်သဖြင့် ဘယ်လိုပဲအခန်းပြောင်းပြောင်း နှစ်၀က်စာမေးပွဲအပြီးတွင် သိပ်ပြီးကွာခြားချက်ကမရှိခဲ့ပေ။

ထိုသို့သောအကြောင်းတရားများကြောင့် အရင်ကဆို‌အတန်းမတက်ခင်ဆူညံနေတတ်တဲ့ စာသင်ခန်းမှာလဲ ယနေ့မနက်ခင်းတွင်စာဖတ်သံ စာကျက်သံများဖြင့်သာ သက်၀င်လှုပ်ရှားလျက်ရှိသည်

ဂျိတ်ခ်နဲ့ဆောင်းဟွန်းအခန်းထဲရောက်သည်နှင့် ဆောနူက အရှေ့အတန်းကနေ ကိုယ်ကိုအနောက်သို့လှည့်လိုက်သည်။



"ဂျိတ်ခုဟျောင်း~~ ဆောင်းဟွန်းဟျောင်း~~"


ဆောနူရဲ့အသံကြောင့် ခေါင်းငုံ့ပြီး စာလုပ်နေတဲ့သူများတောင် ခေါင်းထောင်ပြီးလှည့်ကြည့်သူက လှည့်ကြည့်ကုန်ရသည်။



ဆောင်းဟွန်း : "ဆောနူ ဒီနေ့ ဂျောင်၀န်းနဲ့တူတူမလာဘူးလား ဘယ်လိုဖြစ်လို့ တစ်ယောက်ထဲဖြစ်နေတာလဲ"



ဆောနူ : "ဆောင်းဟွန်းဟျောင်းကလဲ သူကအခု ကိုကိုရှိသွားပြီလေ သူ့ကိုကိုလာမှတူတူသွားမယ်ဆိုပြီးကျန်ခဲ့လေရဲ့ဗျာ"




ဆောနူရဲ့စကားဆုံးတာနဲ့ Class 1အခန်းရှေ့မှ ပေါ်လာသော ကာယကံရှင် တစ်စုံတစ်တွဲနှင့် ဟီဆွန်း။

ဂျေးက ဂျောင်၀န်းပါးလေးကိုဆွဲလိုက်ရင်း

"၀န်းလေး စာတွေသေချာလိုက်လုပ်နော် မသိတာရှိရင် ကိုယ့်ကိုလှမ်းမေး စာကောင်း‌ေကာင်းလုပ်ရင် နေ့လည်စာစားချိန်ကျ ကိုယ်ချက်လာတဲ့ Curry 🍛ကျွေးမယ်"



𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now