နေ့လည်စာစားချိန်ပြီးလို့ အတန်းပြန်တက်ထဲက မုဒ်
မကောင်းနေသော ဘေးခုံက ဆောင်းဟွန်း ဆိုသူကို
ဂျိတ်ခ် နည်းနည်းတော့ သတိထားမိပေသည်
အစောပိုင်းက အမြင်ကပ်ဖို့ကောင်းစွာ သွားစွယ်တွေပေါ်တဲ့ထိရီပြနေတာ သူမဟုတ်တဲ့အတိုင်း ရုပ်တည်ကြီးဖြင့် ထိုင်နေသူကြောင့်
ဂျိတ်ခ်တောင် စိတ်ထဲတမျိုးဖြစ်သွားသည်
Class 1ရှိ အနောက်ဆုံးတန်းကို လှည့်ကြည့်မိသည့် မည်သူမဆို
နောက်တခါပြန်မလှည့်ကြည့်ရဲလောက်အောင်
မျက်နှာသေဖြင့်ထိုင်နေသူတို့၏ကြားက လေထုသည်
အေးစက်နေသည်ဘယ်သူမှ ဆောင်းဟွန်းရဲ့ ဒီလိုပုံစံကို မရင်းနှီးကြပေ
ပတ်ဆောင်းဟွန်းဆိုတာ သူတို့ကျောင်းရဲ့ နတ်သားလေးဖြစ်သည်
ဘယ်အရာမဆို အပြုံးလေးဖြင့်သာအလေးအနက်မထားပဲ
တုံ့ပြန်တတ်သော ဆောင်းဟွန်း အား ဒေါသထွက်အောင် ဘယ်အရာကများစွမ်းဆောင်နိုင်သနည်းဆိုတာ
အကုန်လုံးကသိချင်ကြပေသည်ထိုသို့ဖြစ်စေခဲ့သော တရားခံလေးမှာလဲ ခေါင်းရှုပ်နေရသည်
တကယ်တမ်း ဂျိတ်ခ်က တခြားလူတွေနဲ့ နီးနီးကပ်ကပ်မနေခဲ့ဖူးပေ
သူတတ်နိုင်သမျှ အကုန်လုံးနဲ့ကင်းကင်းရှင်းရှင်းသာနေချင်ခဲ့သည်
ထို့ကြောင့် အစကတော့ ချဉ်းကပ်ရခက်သော ပုံရိပ်ကိုတမင်ထိန်းထားခြင်းဖြစ်သည်
သာမန်ဆန်သော မထင်မရှားကောင်လေးတစ်ယောက်အဖြစ် နဲ့
ဘယ်သူမှမသိလေကောင်းလေ ဟု ဖြစ်စေချင်သော်လည်းထိုအရာက သူ့ဆန္ဒအတိုင်းဖြစ်မလာခဲ့
လူအများက သူ့ရုပ်ရည်ကြောင့် သတိထားမိသလို
သူကိုယ်တိုင် မနေနိုင်၍၀င်ပါမိသော ကိစ္စများကြောင့်
မသိသူမရှိ နာမည်ကျော်ကြားတဲ့အထိပါဖြစ်ကုန်ပြန်သည်
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕