ယနေ့က အပြစ်ပေးခံရတဲ့တစ်ပတ်တာအတွက်နောက်ဆုံးနေ့ဖြစ်သည့်အလျောက် သူတို့ကလည်း ကံကောင်းတာဖြစ်ပေလိမ့်မည်
အဘယ့်ကြောင့်ဆိုတော့ ကျောင်း၀န်းထဲတွင် အမှိုက်သိပ်မရှိသဖြင့် ခဏနဲ့ပြီးသွားသည်။
မိုးလုံလေလုံ အားကစားခန်းမကို သန့်ရှင်းလုပ်ကြရင်း သူတို့ရဲ့အမှိုက်ရှင်းသည့်တာ၀န်ကပြီးသွားပြီမို့ ဆောင်းဟွန်းကလက်ပတ်နာရီမှ အချိန်ကိုကြည့်လိုက်ရာ အရင်နေ့တွေကပြန်ချိန်ထက်တော့ အနည်းငယ်စောနေသေးသည်။
"အိခု ကိုယ်တို့ စောစောပြန်ကြမလား
မဟုတ်ရင် basketball ကစားပြီးမှပြန်မလား"
ဂျိတ်ခ်က စက္ကန့်ပိုင်းလောက် စဉ်းစားပြီးမှ ပြောလိုက်သည်
"ကစားရအောင်"
ဂျိတ်ခ်က မငြင်းသဖြင့် ဆောင်းဟွန်းက အနည်းငယ်တော့ အံ့ဩသွားသည်၊ သူပြောတာ နားထောင်မယ်လို့မှမထင်ထားတာ။
ဂျိတ်ခ်ကေတာ့ ပြောရင်းပင် ယူနိီဖောင်း အပေါ်ထပ် ( blazer)ကိုချွတ်နှင့်ပြီးဖြစ်သည်။
ဆောင်းဟွန်းက စိတ်မြန်လက်မြန်ရှိလွန်းလှတဲ့ သူ့ ကလေးလေးကို ရယ်ကာကြည့်ရင်း အနားတိုးကာ ဂျိတ်ခ်လက်လေးကို ကောက်ကိုင်လိုက်သဖြင့် ဂျိတ်ခ်က မော့ကြည့်လာသည်
Blazer အောက်ကခံ၀တ်ထားတဲ့ ရှပ် အဖြူမှာ လက်ရှည်ဖြစ်တာကြောင့် ကစားလျှင် လှုပ်ရှားရလွယ်ကူစေရန် ဂျိတ်ခ်ရဲ့ရှပ်အကျီလက်ကို တံတောင်ဆစ်နားေရာက်သည်အထိ ဆောင်းဟွန်းက ကိုယ်တိုင် စိတ်ရှည်လက်ရှည်ခေါက်တင်ပေးနေခြင်းဖြစ်သည်။
ဂျိတ်ခ်ကလဲဘာမှမပြောေတာ့ဘဲ မျက်လွှာချကာ ဆောင်းဟွန်းလုပ်ပေးသမျှကို လိမ်လိမ်မာမာလေးငြိမ်ခံသည်။
ဆောင်ဟွန်းက မျက်လွှာချထားတဲ့ ဂျိတ်ခ်ရဲ့ မျက်တောင်စင်းလေးတွေကို တစ်ချက်ကြည့်ရင်း အကျီလက်ကိုဆက်ပြီးခေါက်တင်ပေးလိုက်ရာ
ဂျိတ်ခ်ရဲ့ တံတောင်ဆစ်နားထိေခါက်တင်လိုက်သည်နှင့်
ပေါ်လာသော လက်ဖျံမှ ထင်းထွက်နေသော သွေးကြောစိမ်းများ၊ သေးသွယ်သော လက်ကောက်၀တ်လေး၊
စသည်တို့ကြောင့် ဆောင်းဟွန်းလက်လေးအနည်းငယ်ရပ်တန့်သွားသည်။
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕