Part 27☕ Unicode

484 54 18
                                    

En- High မှ ကျောင်းသားများဟာ Lotte World မှာ တပျော်တပါး လည်ပတ်ခဲ့ပြီးပြန်လာသည့်နေ့မှစကာ တကယ့် လက်တွေ့ဘ၀က စာမေးပွဲအတွက် ပြင်ဆင်ရင်း စာလုပ်နေကြရ၍ အားလပ်ချိန်ပင်မရှိခဲ့ချေ။

ထို့ကြောင့် ဆောင်းဟွန်းနှင့် ဂျိတ်ခ်မှာလဲ ညစာစားပြီးတိုင်း
ဂျိတ်ခ်၏ အိမ်တွင် ညစဉ် စာတူတူလုပ်ဖြစ်ကြသည်။

ဂျိတ်ခ်က ဆောင်းဟွန်းကို English စာပိုကျွမ်းကျင်အောင် စာပြပေးပြီး ဆောင်းဟွန်းကတော့ ဂျိတ်ခ် သေချာနားမလည်တဲ့ ပထဝီ သမိုင်းနှင့် ဝိဇ္ဇာဘာသာရပ်များကို ကူညီပြီးရှင်းပြပေးသည်။

သူတို့နှစ်ဦးသားဟာအတိုင်အဖောက်ညီညီဖြင့်စာလုပ်ကြရင်း ဆောင်းဟွန်းဆို ညတိုင်း ညမိုးချုပ်မှ ဂျိတ်ခ်အိမ်က ပြန်တတ်သည်။

ဆောင်းဟွန်းအိမ်ပြန်ချိန်က ညမိုးချုပ်မှဆိုသည်ထက် ‌ဂျိတ်ခ်အတင်းနှင်ထုတ်သည့်အချိန်မှအိမ်ပြန်တာဖြစ်သည်။

ဆောင်းဟွန်းမိဘတွေကလဲ မသိရင် ဂျိတ်ခ်အား သူတို့သား
ဆောင်းဟွန်းကိုပင် အပိုင်ပေးထားသလိုလို။

အိမ်ပြန်မလာလဲရတယ်ဟုဆိုကာ ဂျိတ်ခ်အိမ်မှာ ညအိပ်ပြီးတောင်စာလုပ်ခိုင်းနေသေးသဖြင့် ဂျိတ်ခ်ခမျာမနည်းငြင်းယူရသည်။

သူတို့နှစ်ဦးကြားမှဆက်ဆံ‌ေရးမှာလဲ အရင်ကထက်ပိုပြီး အဆင့်‌တက်လာသလိုလိုနှင့် Flirt Zoneထဲတွင် ပျော်ပျော်ကြီးသံသရာလည်‌ေနကာ ပတ်ဆောင်းဟွန်းတစ်‌ေယာက်ဟာ အခုထိကို Friend Zoneထဲမှ မထွက်နိုင်သေး။

သို့ပေမဲ့ သရဲအိမ်မှအဖြစ်အပျက်ကို‌ေတာ့ ‌ေဆာင်းဟွန်းကမ‌ေမးသလို ဂျိတ်ခ်ကလဲ မပြောဖြစ်တော့ပဲ ဒီအတိုင်း ကျော်သွားလိုက်ကြသည်။

ထိုသို့ဖြင့် အချိန်တွေဟာ အရမ်းမြန်မြန်ကိုကုန်သွားပြီး မကြာမီပင်  သူတို့‌ေမျှာ်လင့်‌‌ေနရတဲ့ စာမေးပွဲရက်‌ေတွကိုရောက်တော့မည်ဖြစ်သည်။




...




>>>>စာမေးပွဲမတိုင်မီ သုံးရက်အလိုည<<<<

ပုံမှန်အတိုင်း ဂျိတ်ခ်နှင့် ဆောင်းဟွန်းဟာ ဧည့်ခန်းထဲတွင်ထိုင်ကာ စာထိုင်လုပ်‌ေ‌နကြသည်။

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now