Part 11 ☕ Unicode

332 43 8
                                    

နီခီယူလာတဲ့ပန်ကိတ်အားဆောနူကိုကျွေးပြီးနောက်

ကိုယ်တိုင်က‌ေတာ့လက်ထဲက Sandwich ကိုပဲ

ဂျိတ်ခ်တစ်ယောက်ဆက်စားနေလိုက်သည်။




ဆောင်းဟွန်းက သူယူလာတဲ့မုန့်ကိုပဲဆက်စားနေသော
ဂျိတ်ခ်ကြောင့် ‌စိတ်ထဲတွင်ကျေနပ်ကာ ပျော်လဲပျော်နေမိသည်။




In Sunghoon's mind


*ကြည့်ပါဦး ကော်ဖီတစ်ငံုသောက်လိုက် Sandwich ကို
တစ်မြုံ့မြုံ့နဲ့ စားလိုက် လုပ်နေတာများ ချစ်စရာလေးကွာ

လိမ်လိမ်မာမာနဲ့ စကားနားထောင်တဲ့ ခွေးပေါက်လေးကျနေတာပဲ

အားရီးဂူး ငါတို့ဂျယ်ယွန်း‌လေးက
တကယ်ကို့ ကလေးလေးပဲ ကလေးလေး

ကလေးလေးရဲ့ ဒီပုံစံလေးက ချစ်စရာကောင်းလွန်းလို့
ဘယ်သူမှမမြင်အောင် အကောင်လိုက်ပဲမြိုချထားချင်‌ေတာ့တယ် ^^  *




ကော်ဖီမော့အသောက် ‌မျက်လုံးထောင့်ကနေ ‌ေ‌ဆာင်းဟွန်းရဲ့ တစ်ခုခုကို စားချင်နေပုံရတဲ့ မျက်၀န်းများကိုမြင်သွားတဲ့
ဂျိတ်ခ်ကတော့ အနည်းငယ် အားနာသွားရသည်။




*အော် ငါလဲ သူများလုပ်ပေးတာတွေအလိုက်မသိ
တစ်‌ေယာက်ထဲစားမိသွားတာပဲ*


ထိုနောက် ဆောင်းဟွန်းရှေ့ရောက်လာတဲ့ လက်သွယ်သွယ်လေးတစ်ဖက်နှင့်အတူ Sandwich တစ်ခု




"စားမလား?"



"အမ်"



"မင်းကိုကြည့်ရ‌တာ ဗိုက်ဆာနေတဲ့ပုံပေါ်လို့
ဒီဟာ စားမလားလို့ "




ကလေးလေးကိုအကောင်လိုက်မြိုချချင်နေတုန်းစားမလားဆိုပြီး လာပြောနေတာကြောင့် ဆောင်းဟွန်း လန့်သွားသည်။



ထိုနောက် ဂျိတ်ခ် ဆက်ပြောတဲ့ စကားကြားမှ သက်ပြင်းခိုးချရတော့သည်။



"အာ ကိုယ်ဗိုက်မဆာပါဘူး ဂျိတ်ခ်ပဲစားလိုက်ပါ"


"ပြီးရော "



သူ့အဖြေကိုကြားမှ တစ်ဖက်လှည့်ကာဆက်စားနေသော
ကောင်လေးအားကြည့်ကာ မထိန်းနိုင်ပဲ ဆောင်းဟွန်းနှုတ်ခမ်းထောင့်လေးတွေအ‌ေပါ်သို့ ကွေးတက်သွားသည်။




𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now