Part 31 ☕ Unicode

745 60 21
                                    

အမူးလွန်ပြီး ယိုင်တိယိုင်တိုင်ဖြင့်ပျော့ခွေနေသော ဂျယ်ယွန်းကို သန့်စင်ခန်းရှေ့ထိဆွဲခေါ်သွားသော ဆောင်းဟွန်းက သန့်စင်ခန်းအတွင်းသို့ တွန်းပို့ပေးလိုက်ပြီး သူကတော့ အပြင်ကနေတွင်သာ ‌ရပ်စောင့်နေသည်။

၀င်သွားပြီး နှစ်စက္ကန့်တောင်မကြာလိုက် အခန်း တံခါး၀ကနေ မျက်ရည်ဝဲနေသည့်ခေါင်းလေးပြူထွက်လာပြန်သည်မို့ ‌ေ‌ဆာင်းဟွန်းရင်ထိတ်ရပြန်သည်။


"အိခု ဘာဖြစ်လို့လဲ"



"အစ်ကိုကြီး~ဟင့်~ကျနော့်ဘောင်းဘီလေ
ကျနော့် ဘောင်းဘီက ချွတ်လို့မရတော့ဘူး ဝူး"



အရက်မူးပြီး ဘောင်းဘီပါမချွတ်တတ်တော့တဲ့ ရည်စားလေးကိုကြည့်ရင်း ဆောင်းဟွန်း ရယ်လဲရယ်ချင် ငိုလဲငိုချင်ဖြစ်လာသလို သူ့‌ေရှ့မှ အမူးသမား‌လေးကို‌ကွောကျ‌သော‌ကွောငျ့ ရယ်လဲမရယ်ရဲ ငိုလဲမငိုရဲပါပေ။

ဝိုင်တစ်ပုလင်းနဲ့တင် မူးသွားတဲ့ သူ့ကလေးရဲ့ alcohol ခံနိုင်ရည်စွမ်းကိုကြည့်ပြီး ဆောင်းဟွန်းက သူ့ရှေ့ကလွဲရင် တခြားသူရှေ့မှာ
မသောက်ဖို့ အိခုကို မှာရမယ်ဟုပင်တွေးမိ‌ေသးသည်။

ထို့နောက်တွင်တော့ ဆောင်းဟွန်းက အထဲသို့လိုက်သွားလိုက်ပြီးကူကယ်ရာမဲ့စွာနဲ့ ဘောင်းဘီဇစ်ကို ချွတ်ပေးရမည့် ခက်ခဲသောမစ်ရှင်ကြီးကိုရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။

ဂျိတ်ခ်ရဲ့ ဘောင်းဘီဇစ်နေရာကို လက်လှမ်းနေတဲ့ဆောင်းဟွန်းလက်တွေအနည်းငယ်တုန်ယင်နေသလို စိတ်ထဲမှာလဲ အဆက်မပြတ် ကျိုးကြောင်းသင့်အောင်တွေးတောလျက် တရားနဲ့ဖြေနေရသည်။



*ဇွိ*



*ဟူး...*




ဘောင်းဘီဇစ်ဆွဲချသံနှင့်အတူ ဆောင်းဟွန်းခုနကအသက်အောင့်ထားသောလေတွေကို စိတ်သက်သာရာရစွာ ရှုထုတ်လိုက်သည်။

ဒီအလုပ်က ခက်ခဲလွန်းလို့ သူ့ရဲ့ မရှိမဲ့ရှိမဲ့လက်ကျန် သမာဓိလေးတွေတောင်ကုန်လုဆဲဆဲ။

ဆောင်းဟွန်းမျက်လုံးက်ုမှေးကြည့်ရင်း အရှေ့ကအမူးသမားလေးများ မူးချင်ယောင်‌ေ‌ဆာင်ပြီး သူ့သမာဓိအားကို စမ်းသပ်နေတာလား သံသ‌ယတောင်၀င်မိသည်အထိ။

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Where stories live. Discover now