"ကိုကြီးပြန်လာပြီလား ယယ်ဂျီ့ကို ဂိမ်းထဲက Cutie Pieအတွက် အင်္ကျီလေးရွေးပေး...ပေး..."
ယယ်ဂျီကသူ့စကားတောင်ဆုံးအောင်နားမထောင်ဘဲ ကမူးရှုးထိုးနှင့် အပေါ်ထပ် ပြေးတက်သွားသော သူ့အစ်ကိုထံသို့လည်ပင်းလေးဆန့်၍လိုက်ကြည့်လိုက်သည်။
*အယ် ကိုကြီးတစ်ေယာက်ေတာ့ ဘာတွေအရေးကြီးနေပြန်ပြီလဲမသိပါဘူး*
ယယ်ဂျီကိုတောင် အဖက်မလုပ်အားတဲ့ ဆောင်းဟွန်းဟာ အပေါ်ထပ်ကိုအမြန်တက်သွားပြီး အလျှင်လိုစွာနှင့် ရေချိုးခန်းအတွင်းသို့ အမြန်ပြေး၀င်သွားတော့သည်။
တစ်ဘက်အိမ်မှာကျန်ခဲ့တဲ့ ဂျိတ်ခ်ကလဲ စိတ်လွင့်နေသူတစ်ဦလိုကော်ဇောထက်မှာပဲမတုန်မလှုပ်ေလးထိုင်နေရင်း ဒူးနှစ်ချောင်းကိုထောင်ကာ လက်ဖြင့်ပိုက်ထားလျက် တော်တော်ကြာသည်အထိကွေးကွေးကြုံ့ကြုံ့လေးထိုင်နေသည်။
ထိုသို့ထိုင်နေရင်းနှင့် မသိလိုက်ပါဘဲ သူ့လက်ချောင်းလေးများက နှုတ်ခမ်းသားတွေထံထိတွေ့မိသွားကာ စောစောကနမ်းလိုက်ရသည့် ဆောင်းဟွန်းနဲ့ သူ့ရဲ့ ပထမဆုံးအနမ်းအား ပြန်သတိရမိသွားသည့်အခါ ဂျိတ်ခ်မျက်နှာလေး နီရဲသွားကာ မျက်နှာကိုလက်နှင့်အုပ်ရင်း ခေါင်းကိုဘယ်ညာယမ်းခါလိုက်သည်။
*အာ ရှင်းမ်ဂျိတ်ခ် တော်ပြီ တော်ပြီ အဲ့အကြောင်းကို မတွေးနဲ့တော့ မတွေးနဲ့တော့*
ဂျိတ်ခ်က ထိုသို့ သူ့စိတ်သူပြန်စုစည်းရင်း ထိုင်နေစဉ် ဆောင်းဟွန်းထွက်သွားသည်မှာ နာရီ၀က်လောက်ကြာသွားပြီးနောက် စားပွဲပေါ်တင်ထားသည့် ဂျိတ်ခ်ရဲ့ဖုန်းလေးကမြည်လာသည်။
ဖုန်းကိုဂျိတ်ခ်က ချက်ချင်းကိုင်လိုက်သောအခါ
"ဟယ်လို"
"ဟယ်လို အိခုလေး"
ဆောင်းဟွန်းအသံက အနည်းငယ်မောဟိုက်ဟန်ပေါ်နေမှန်းသတိထားမိသောအခါ ခုနကဆောင်းဟွန်းအမြန်ပြန်သွားရသည့်အကြောင်းရင်းက ခေါင်းထဲရောက်လာတာကြောင့် ဂျိတ်ခ်မျက်နှာလေးဟာနီမြန်းသွားသလို ဂျိတ်ခ် အတွေးတွေကတော့ မှောင်မိုက်သွားသည်။
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕