Part 26 ☕ Unicode

431 56 26
                                    

Haunted House သို့ ပထမဆုံး၀င်သည့်သူများက ဂျေးနှင့်ဂျောင်၀န်းတို့အတွဲဖြစ်သည်။

ကျန်သည့်သူများမှာ သူတို့ကိုစောင့်ရင်း အပြင်ဘက်ကခုံတွင် ထိုင်နားလျက်ကျန်ခဲ့သည်။

၀င်ပေါက်မှ နှစ်ယောက်သား၀င်လာရင်း တစ်မိနစ်‌ေလာက်
အကြာတွင် မှောင်မဲ‌ေန‌ေသာ‌ေလျှာက်လမ်းကျဉ်းကျဥ်း‌ေလး၌ ဂျေးက ဂျောင်၀န်းကိုသူ့အနောက်သို့ပို့လိုက်ကာ



"၀န်းလေးမကြောက်နဲ့နော် ၀န်းလေးကို ကိုယ်ကာကွယ်ပေးမယ်"


"ကျွန်တော်ကမကြောက်ပါဘူး ကိုကိုရဲ့
ဒါနဲ့ ကိုကို ကျွန်တော်တို့ ဒီနားမှာတင်ရပ်ပြီး
ရှေ့ဆက်မတိုးတာ ‌ေတာ်‌ေတာ်ကြာပြီထင်တယ်‌ေနာ်
ကိုကို့ ခြေထောက်တွေက အရှေ့ကိုမရွေ့တဲ့အပြင်
လှုပ်ပါလှုပ်နေသေးတယ် မဟုတ်မလွဲရော
ကြောက်ပြီး ဒူးတုန်နေတာတော့မဟုတ်ဘူးမလား"



"ဟား ဟား မဟုတ်ပါဘူး
‌ကိုယ်ကကြောက်စရာလား ဒီလောက်လေးကို
‌ဒူးတုန်နေတာ အေးလို့ ဟုတ်တယ် အေးလို့ပါ"


ဂျောင်၀န်းပြောစကားဟာ ဂျေးရဲ့မာနကိုထိခိုက်သွားသည်ထင်ပါ့။

သူ့ခမျာ ခြောက်ကပ်ကပ်ကြီးရယ်လိုက်ပြီး စိတ်ကိုအားတင်းကာ မီးက မှိတ်တုပ်မှိတ်တုပ်နှင့် ပျက်လိုက်လာလိုက်ဖြစ်နေသော လမ်းကျဉ်းလေးထဲသို့ ရှေ့ဆက်သွားလိုက်သည်။

ထိုအခါမှ ဂျောင်၀န်းကအနောက်ကိုလှည့်ကြည့်ရာ သူတို့ရောက်နေသည့်နေရာမှာ ၀င်ပေါက်နှင့်ဆယ်လှမ်းလောက်ပင်မကွာဘဲ ၀င်ပေါက်ကိုပင်‌မြင်နေရသေးသည်မို့ ခေါင်းယမ်းကာ ရယ်ချင််စိတ်ကိုကြိတ်မှိတ်ထားရသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သား မှောင်‌မဲနေသော လမ်း‌ကျဉ်းလေးကိုဖြတ်ကျော်ကာ နောက်ထပ်နီရဲနေသော မီးရောင်များအောက်ရှိ အခန်းတစ်ခုကိုဖြတ်အသွား နံရံအကွယ်မှ ဘွားကနဲကြီးထွက်လာတဲ့ အဖြူရောင်ဂါ၀န်နှင့်ဆံပင်ဖားလျားချ‌ထားသော သရဲမတစ်ယောက်ကိုမြင်ပြီး ဂျေးက အာပြဲကြီးနှင့်အော်တော့သည်။



"အားးးး Fuckkk ငိုးမသရဲကြီးးးး ရှီးလ်ဗားးးးး"


မျက်လုံးကြီးစုံမှိတ်ကာ ဘာသာစကားမျိုးစုံဖြင့် အော်ဟစ်ကာ ဆဲဆိုနေသော ဂျေးအသံကြီးကြောင့် ခုနကမှ ခဏလေးထွက်လာပြီးခြောက်ရရှာတဲ့ သရဲမဟာ အရှေ့ဆက်မတိုးရဲဘဲ နားပိတ်ပြီး ခုနကနံရံအကွယ်လေးကိုပြန်၀င်ပြေးရရှာသည်။

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Tahanan ng mga kuwento. Tumuklas ngayon