စာမေးပွဲမတိုင်ခင် အချိန်က နှစ်ပတ်အလိုသာကျန်တော့သည်။
En Highschool မှကျောင်းသားများအားလုံးဟာ စာမေးပွဲနီးလေလေ အရင်ကထက် ပိုပြီး စာကြိုးစားလာကြသည်။
အထက်တန်းဒုတိယနှစ်မှကျောင်းသားကျောင်သူများသည်
အခြားကျောင်းသားများထက်ပင်ကြိုးစားကြသေးသည်။အဘယ့်ကြောင့်ဆိုသော် နှစ်ဝက်စာမေးပွဲဖြေတိုင်း အဆင့်တွေပြန်စီကာအခန်းခွဲသည်မို့ ကျောင်းရဲ့ နတ်သားလေး ၆ယောက်တောင်ရှိတဲ့ Class1ကို ၀င်ဖို့ရဖို့အရေးပိုကြိုးစားကြသည်။
သို့သော်လဲ Class 1မှာရှိနေပြီးသားကျောင်းသားများက တခြားအခန်းကိုမပြောင်းရဖို့ရန် ပိုပြီးကြိုးစားကြပြန်သဖြင့် ဘယ်လိုပဲအခန်းပြောင်းပြောင်း နှစ်ဝက်စာမေးပွဲအပြီးတွင် သိပ်ပြီးကွာခြားချက်ကမရှိခဲ့ပေ။
ထိုသို့သောအကြောင်းတရားများကြောင့် အရင်ကဆိုအတန်းမတက်ခင်ဆူညံနေတတ်တဲ့ စာသင်ခန်းမှာလဲ ယနေ့မနက်ခင်းတွင်စာဖတ်သံ စာကျက်သံများဖြင့်သာ သက်ဝင်လှုပ်ရှားလျက်ရှိသည်
ဂျိတ်ခ်နဲ့ဆောင်းဟွန်းအခန်းထဲရောက်သည်နှင့် ဆောနူက အရှေ့အတန်းကနေ ကိုယ်ကိုအနောက်သို့လှည့်လိုက်သည်။
"ဂျိတ်ခုဟျောင်း~~ ဆောင်းဟွန်းဟျောင်း~~"
ဆောနူရဲ့အသံကြောင့် ခေါင်းငုံ့ပြီး စာလုပ်နေတဲ့သူများတောင် ခေါင်းထောင်ပြီးလှည့်ကြည့်သူက လှည့်ကြည့်ကုန်ရသည်။
ဆောင်းဟွန်း : "ဆောနူ ဒီနေ့ ဂျောင်ဝန်းနဲ့တူတူမလာဘူးလား ဘယ်လိုဖြစ်လို့ တစ်ယောက်ထဲဖြစ်နေတာလဲ"
ဆောနူ : "ဆောင်းဟွန်းဟျောင်းကလဲ သူကအခု ကိုကိုရှိသွားပြီလေ သူ့ကိုကိုလာမှတူတူသွားမယ်ဆိုပြီးကျန်ခဲ့လေရဲ့ဗျာ"
ဆောနူရဲ့စကားဆုံးတာနဲ့ Class 1အခန်းရှေ့မှ ပေါ်လာသော ကာယကံရှင် တစ်စုံတစ်တွဲနှင့် ဟီဆွန်း။
ဂျေးက ဂျောင်ဝန်းပါးလေးကိုဆွဲလိုက်ရင်း
"၀န်းလေး စာတွေသေချာလိုက်လုပ်နော် မသိတာရှိရင် ကိုယ့်ကိုလှမ်းမေး စာကောင်းကောင်းလုပ်ရင် နေ့လည်စာစားချိန်ကျ ကိုယ်ချက်လာတဲ့ Curry 🍛ကျွေးမယ်"
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕