Part 4☕ Zawgyi

132 2 0
                                    

သူတို့ သုံးယောက်လုံး စားသောက်ပြီးသည်နှင့် အတန်းတက်ရဦးမည်ဖြစ်တာမို့ counter တွင် ပိုက်ဆံရှင်းရန်သွားလိုက်သည်

"Table No1 အတွက် ကျသင့်‌ငွေက 9500ပါ ခဗျ"

ဆိုသည့် ‌cashier အစ်ကိုကြီးရဲ့ အသံကြည်ကြည်လေးကြောင့် နားထဲပျားသကာရည်တွေလောင်းချလိုက်သလို ချိုမြိန်သွားရသည်

အပြုံးချိုချိုလေးပါထပ်ပေါင်းထည့်တော့ ပိုက်ဆံရှင်းမဲ့
ဟာနာခ‌မျာမျက်နှာကြီးနီလို့ ရှက်ကိုးရှက်ကန်းတွေဖြစ်ကုန်တာနဲ့ တည်ငြိမ်ချင်ယောင်ဆောင်ထားသည့် အမယူမီကပဲ
ယူပြီးရှင်းပေးလိုက်ရသည်

ယူမီကလဲ ဒီကို နေ့တိုင်းနီးပါးရောက်နေသူမို့သာ တည်ငြိမ်ချင်ယောင်ဆောင်လို့ရနေတာဖြစ်သည်

တကယ်တမ်းဆို သူလဲ စိတ်ထဲမှာ ချောမောမှုများကြောင့် အော်ဟစ်မိနေတုန်းဖြစိသည်

ပိုက်ဆံရှင်းပြီးသည်နဲ့ လေးလံနှေး‌ကွေးသောခြေလှမ်းများဖြင့်သုံးယောက်သား ပြန်ဖို့ပြင်ရသည်

အလာတုန်းက greeter လေးကပဲ နှုတ်ဆက်လာသည်က

" ParkSim Café မှ နှုတ်ဆက်ပါတယ်ခင်ဗျ
သာယာသောနေ့လည်ခင်းလေးပိုင်ဆိုင်နိုင်ပါစေ "တဲ့

ထိုသို့နှုတ်ဆက်ခါမှ ပိုပြီးမပြန်ချင်ဖြစ်သွားရရှာသည်

*အီးဟီး မသာယာနိုင်ပါဘူး ယူတို့ကိုမှမမြင်ရတာ လို့

အတန်းရှိနေလို့သာပေါ့ ဖြစ်နိုင်ရင် ပြန်ကိုမပြန်ချင်ပါဘူး
မိုးလင်းကမိုးချုပ် ဒီမှာပဲနေလို့မရဘူးလား

စွမ်းအားရှင် တစ်ယောက်လောက် ကျမတို့အတန်းကို
ကော်ဖီဆိုင်ထဲရွှေ့ပေးကြပါ အူးဝါး

မဟုတ်ဘူး အတန်းလဲမတက်ချင်တော့ဘူး

ဘာမှမလုပ်ချင်ဘူး ကိုကိုတို့ကိုပဲထိုင်ငေးချင်တော့တယ်

မှတ်ချက် - ဘယ်ကိုကိုလဲ မမေးပါနှင့် ရုပ်ချောရင် အကုန် ကိုကိုပါပဲ

ဘယ်လောက်ပဲနှေးထားထား လှမ်းနေရသေးသည့်ခြေလှမ်းတို့ကြောင့်ဆိုင်အပြင်‌တောင် ရောက်လာပြီ ဖြစ်သည်

𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é    [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]Où les histoires vivent. Découvrez maintenant