ထို့နောက် ဆောင်းဟွန်းက အိပ်ရာပေါ်မှထကာ
အနက်ရောင် sweat shirtနှင့် ဘောင်းဘီ တစ်ထည်ကို
တွဲဖက်၍ ကောက်၀တ်လိုက်သည်။ဘယ်လိုပဲ နွေဦးရာသီဆိုဆို ရေစိုကြီးနဲ့နေနေရင်ေတာ့
အအေးပတ်သွားနိုင်သည်မဟုတ်လားအ၀တ်စား၀တ်ပြီးသည်နှင့် ခုနက စဉ်းစားခန်း၀င်လက်စကို
ဆက်ပြီး စဉ်းစားပြန်သည်။*စဉ်းစားစမ်း ရုပ်ေချာေချာေလးနဲ့ စဉ်းစားစမ်း
ဘယ်လိုလုပ်ရင် ရှင်းမ်ဂျိတ်ခ်က ငါ့အပိုင်ဖြစ်လာမလဲ
အား ချီးပဲ ခုနက ရေနွေးနဲ့ချိုးလိုက်လို့များ
ဦးနှောက်ကထုံထိုင်းသွားတာလား*နောက်ဆုံးတွင်တော့ သူ တစ်ယောက်ယောက်ရဲ့အကူအညီယူဖို့သာ ဆုံးဖြတ်လိုက်သည်။
ချစ်ရေးချစ်ရာမှာ အကူအညီယူဖို့ဆိုရင်တော့ သူတို့အဖွဲ့၏
အစ်ကိုကြီးဟီးဆွန်းတစ်ယောက်ကိုသာ အားကိုးရမည်ဖြစ်သည်။*ဟုတ်ပြီ ဒီအကြံကောင်းတယ် ဟီးဆွန်းဟျောင်းကိုပဲ မေးကြည့်တာပေါ့*
ထိုသို့ဆံုးဖြတ်ကာ ဆောင်းဟွန်းကချက်ချင်းပင် ဟီးဆွန်းထံဖုန်းဆက်လိုက်သည်။
တစ်ဖက်မှစက္ကန့်အနည်းငယ်အကြာတွင် ဖုန်းကိုင်လေသည်။
"Hey တစ်မိုးအောက်တစ်ေယာက် ပတ်ဆောင်းဟွန်းက ဖုန်းတွေဘာတွေဆက်လို့ ဘာကိစ္စလဲ"
"နောက်မနေပါနဲ့ ဟျောင်းရာ ကျွန်တော်အတည်မေးမို့"
"အိုကေ ပြောလေ"
"တကယ်လို့ ဟျောင်းသဘောကျတဲ့လူတစ်ယောက်ယောက်ရှိလာခဲ့ရင် သူ့ဘက်ကလဲ ပြန်ပြီးသဘောကျလာအောင်ဘယ်လိုလုပ်ရမလဲ"
"အမ်"
မျှော်လင့်မထားသည်မို့ ဟီးဆွန်းပင်ကြောင်အသွားသည်။
နောက်မှ အသိ၀င်ကာ
"တကယ်လို့ ငါသာဆိုရင်တော့ အဲ့ဒီလူကိုတကယ်သဘောကျတယ်ဆိုရင် ပထမဆုံး ငါ့ကိုသတိထားမိအောင်လုပ်မယ်
YOU ARE READING
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕