သူတို့ သုံးယောက်လုံး စားသောက်ပြီးသည်နှင့် အတန်းတက်ရဦးမည်ဖြစ်တာမို့ counter တွင် ပိုက်ဆံရှင်းရန်သွားလိုက်သည်
"Table No1 အတွက် ကျသင့်ေငွက 9500ပါ ခဗျ"
cashier အစ်ကိုကြီးရဲ့ အသံကြည်ကြည်လေးကြောင့် ဆောအာတို့ နားထဲပျားသကာရည်တွေလောင်းချလိုက်သလို ချိုမြိန်သွားရသည်။
အပြုံးချိုချိုလေးပါထပ်ပေါင်းထည့်တော့ ပိုက်ဆံရှင်းမဲ့
ဟာနာခမျာမျက်နှာကြီးနီလို့ ရှက်ကိုးရှက်ကန်းတွေဖြစ်ကုန်တာနဲ့ တည်ငြိမ်ချင်ယောင်ဆောင်ထားသည့် အမယူမီကပဲ
ယူပြီးရှင်းပေးလိုက်ရသည်။ယူမီကလဲ ဒီကို နေ့တိုင်းနီးပါးရောက်နေသူမို့သာ တည်ငြိမ်ချင်ယောင်ဆောင်လို့ရနေတာဖြစ်သည်။
တကယ်တမ်းဆို သူလဲ စိတ်ထဲမှာ ထိုကောင်လေးရဲ့ ချောမောမှုများကြောင့် အော်ဟစ်မိနေတုန်းဖြစိသည်။
ပိုက်ဆံရှင်းပြီးသည်နဲ့ လေးလံနှေးေကွးသောခြေလှမ်းများဖြင့်သုံးယောက်သား ပြန်ဖို့ပြင်ရသည်။
Cafe ထဲကအထွက်တွင် greeter လေးကပဲ နှုတ်ဆက်လာသည်က
" ParkSim Café မှ နှုတ်ဆက်ပါတယ်ခင်ဗျ
သာယာသောနေ့လည်ခင်းလေးပိုင်ဆိုင်နိုင်ပါစေ "တဲ့ထိုသို့နှုတ်ဆက်ခါမှ သူမတို့မှာ ပိုပြီးမပြန်ချင်ဖြစ်သွားရရှာသည်။
*အီးဟီး မသာယာနိုင်ပါဘူး ယူတို့ကိုမှမမြင်ရတာ လို့
အတန်းရှိနေလို့သာပေါ့ ဖြစ်နိုင်ရင် ပြန်ကိုမပြန်ချင်ပါဘူး
မိုးလင်းကမိုးချုပ် ဒီမှာပဲနေလို့မရဘူးလားစွမ်းအားရှင် တစ်ယောက်လောက် ကျမတို့အတန်းကို
ကော်ဖီဆိုင်ထဲရွှေ့ပေးကြပါ အူးဝါးမဟုတ်ဘူး အတန်းလဲမတက်ချင်တော့ဘူး
ဘာမှမလုပ်ချင်ဘူး ကိုကိုတို့ကိုပဲထိုင်ငေးချင်တော့တယ်
မှတ်ချက် - ဘယ်ကိုကိုလဲ မမေးပါနှင့် ရုပ်ချောရင် အကုန် ကိုကိုပါပဲ*
ဆောအာက စိတ်ထဲတွင် ငိုယိုနေရင်း ဟာနာတို့နှင့်အတူ ဆိုင်ထဲကထွက်လိုက်ရလေသည်။

BINABASA MO ANG
𝖶𝖺𝗋𝗆𝗅𝗒 𝖶𝖾𝗅𝖼𝗈𝗆𝖾 𝗍𝗈 '𝙋𝙖𝙧𝙠𝙎𝙞𝙢'𝖢𝖺𝖿é [𝗝𝗮𝗸𝗲𝗛𝗼𝗼𝗻]
Fanfictionဆိုင်ပိုင်ရှင်လေးနှစ်ယောက်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ 'ParkSim Cafe'မှကြိုဆိုပါ၏☕