3rd - I

7.2K 273 13
                                    

ခါးအမြင့်လောက်အထိ ရှည်လျားစွာ ပေါက်ရောက်နေသည့် ကိုင်းပင်ရှည်ရှည်များက လေအဝှေ့မှာ ငြင်သာစွာ ယိမ်းနွဲ့နေကြသည် ။ ကိုင်းတော၏ တစ်ဖက် မြက်ခင်းပြင်မှာ ကင်းဘတ်တစ်ခုနှင့် လူငယ်လေးတစ်ဦးလည်း ရှိနေသေးသည် ။

ဆေးရောင်စုံတွေ အစက်ချထားသည့် ‌ဘုတ်ပြားလေးကို ကိုင်ရင်း အတွေးတွေ ပျံ့လွင့်နေပုံရပြီး ခုထိ အဖြူရောင်ကားချပ်မှာ ဘာအရောင်မှ စွန်းထင်မလာသေး ။

ဟေးးး !!

ရယ်သံတွေ ပါ၀င်နေသည့် အော်ခေါ်သံနှင့်အတူ မြင်းခွာသံ တခွပ်ခွပ်ကြောင့် သဘာ၀လောကထဲ မိန်းမောနေသည့် အတွေးများ လက်ရှိကို ပြန်လည်ရောက်ရှိသွားသည် ။

" ဒီညနေ Taxas မှာ မြင်းပွဲရှိတယ်လို့ ကျောင်းစောင့်ကြီးဆီက သတင်းရထားတယ် ။ ပြောပုံအရဆိုရင် ပြည်နယ်ဘက်က အလှလေးတွေလည်း လာမှာတဲ့ကွ "

အားမာန်အပြည့်ဖြင့် ပြောနေပြီး တကယ်လည်း သွားဖို့ ဆိုင်းပြင်းနေသူက George ။ ကပြားလူငယ်လေးက သူနှင့်အတူ ပညာတော်သင် တက်ရောက်နေသူ ။

" ငါကတော့ Assignment တွေ မပြီးသေးလို့ နေခဲ့ရမယ့်ပုံပါကွာ ။ မင်းတို့ပဲ သွားကြပါတော့ "

Johnny က စိတ်ပျက်လက်ပျက်ဆိုသည် ။ အတန်းချိန်အပြည့်မတက်ပဲ အနုပညာအခန်းဘက် ရောက်ရောက်နေလို့ ဌာနမှူး၏ မကြာခဏ သတိပေးခံရသူ ။ ရှိသည့် သူငယ်ချင်းလေး သုံးယောက်တွင် သုံးယောက် သုံးပုံစံကွဲလျက်ရှိကြသည် ။

" ကဲ ... ဒါဆို Jeon မင်းပဲ ဆုံးဖြတ်တော့ "

"တစ်ယောက်က သွားမယ် နောက်တစ်ယောက်က မသွားဘူး "

နဂါးခေါင်းက မိမိဘက် လှည့်လာ၏ ။ တကယ်တမ်းက Johnny ကိုယ်တိုင်လည်း သွားချင်နေမှန်း သူသိထားသည် ။ အိမ်စာတွေ မပြီးသေးလို့သာ သုံးယောက်သဘောတူထားပြီးသားကိစ္စကို ခုမှ ထငြင်းနေတာပင် ။

" Johnny ... မင်း Assignment ကို ငါကူညီပေးမယ်ဆိုရင် လိုက်မှာလား ? "

မြင်းပေါ်က မဆင်းပဲ ထိုင်မှိုင်နေသည့် မျက်နှာက ချက်ချင်း ရွှင်လန်းလာသည် ။ သူ့လက်ကို ဆွဲကိုင်ရင်း မြင်းပေါ် အတင်းခေါ်တင်နေသေးသည် ။

T H I R D Where stories live. Discover now