ဖိုးဖိုးဂျွန်ခေါ်ဆောင်လာသည့် ဆိပ်ကမ်းတစ်ခုသို့ အငယ် လိုက်ပါလာရသည် ။ အသစ်အဆန်းဆို စမ်းသပ်ချင်သော ဆယ်ကျော်သက်ပီပီ စက်လှေဖြင့် ငါးသွားဖမ်းရမည့် အတွေ့အကြုံကို စိတ်မှာ လှုပ်ရှားခြင်းများ လွန်စွာ ဖြစ်ရသည် ။
သွားလေရာတိုင်း လိုက်ပါစေချင်သူမှာကား အငယ်တို့နှင့်အတူ လိုက်မလာနိုင်ခဲ့ ။ ရွှေမင်းသားလေးတို့၏ ထုံးစံအတိုင်း ငါးညှီနံ့ရလျှင်ကို နှလုံးမသန့် ဟု ဆိုသည် ။ ပေါက်ကျော်လေး အငယ်ကတော့ ကိုကိုနှင့် မတူ ၊ စီးနေကျ ရှူးဖိနပ်လှလှလေးတွေအစား ရေစိုခံလည်ရှည်ဖိနပ်အကြမ်းတွေကို ပြောင်းလဲ ၀တ်ဆင်ပြီး စက်လှေပေါ်တွင် အတက်ကြွဆုံး ဖြစ်နေသည် ။
" ဆည်းလည်းလေး ... ဖိုးဆီ ခဏ လာဦးကွ "
စက်လှေစက်ခန်းအတွင်းမှာ ဖိုးဖိုးဂျွန်က ငါးမျှားတံနှင့် ငါးစာတွေကို တွယ်ချိတ်နေရင်း လှမ်းခေါ်သည် ။ လေတွေ တဟူးဟူးတိုက်ခတ်နေသည့် စက်လှေထိပ်ဦးပိုင်းမှ အငယ် အပြေးကလေး ဆင်းလိုက်ရပြီး ဖိုးဖိုးဆီ ပြေးသွားရသည် ။
" ဟုတ် ဖိုးဖိုး ... သား ရောက်ပါပြီ "
ဖိုးဖိုးဂျွန်က ပြုံးရင်း သူ့ကို အဆင်သင့်ဖြစ်နေသည့်ငါးမျှားတံတစ်ခု ထုတ်ပေးသည် ။ ငါးမျှားတံ လက်ထဲရောက်သည်နှင့် စိတ်အားထက်သန်နေသော အငယ်လေး လှေ၏ဘေးဘောင်သို့ ထွက်ပြေးရန် လုပ်သည် ။ မှာတာတွေ မပြီးသေးသည့် ဖိုးဖိုးဂျွန်ခမျာ အငယ့်ကို ပြန်ဆွဲထားရရင်း အိမ်မှ ယူလာသည့် ဂျာကင် အစိမ်းရောင်လေးအား ၀တ်ပေးလိုက်သည် ။
" ပင်လယ်လေမှာ ဆားဓာတ်ပါတယ် ဆည်းလည်းလေးရဲ့ ... "
" ငါ့သား အသားနုနုလေးတွေ လေဒဏ်ကြောင့် ပျက်စီးကုန်မယ် ... "
" ဟုတ် ... ကျေးဇူးတင်ပါတယ် ဖိုးဖိုးကြီး "
ထို့နောက် မြေးအဖိုးအရင်းတွေထက်ပင် ချစ်သွားကြသူ နှစ်ယောက်မှာ ငါးဖမ်းပြိုင်ခြင်း လုပ်ငန်းစဉ်ကို စကြတော့သည် ။ ဖိုးဖိုးကလည်း သူ့ကို အလျှော့မပေးသလို သူကလည်း ဖိုးဖိုးကို အပြိုင် အမှီလိုက်သည် ။ စက်လှေသည် ဖမ်းမိလာသည့် ငါးများ ပြည့်လာသည်နှင့်အညီ ငါးအပျော်တမ်း ဖမ်းသူနှစ်ဦး၏ စိတ်ပျော်ရွှင်ခြင်းများလည်း တရိပ်ရိပ်တိုး၍လာသည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "