3rd - XVII

1.3K 217 35
                                    

ဟင်း ...

အသိစိတ် ၀င်လာခါစတွင် ထိုးကိုက်နေသည့် ခေါင်းကြောင့် နားထင်တစ်ဖက်ခြမ်းကို လက်ဖြင့် ဖိထားလိုက်ရသည် ။ ထိုအချိန်အထိ မျက်လုံးနှစ်ဖက်မှာ ကောင်းကောင်းမဖွင့်နိုင်သေး ။ ‌လဲလျောင်းနေရသည့် နေရာသည် အငယ့် အိပ်ရာလေး မဟုတ်မှန်း သိသော်လည်း အုံးထားသည့် ခေါင်းအုံးထံမှ lavender ရနံ့ ခပ်သင်းသင်းက စိတ်သက်သာရစေသည် ။

ကျွီ ...

ရှပ် ... ရှပ် ... ရှပ်

အခန်းတံခါးဖွင့်လာပြီး အငယ်ရှိရာ ကုတင်ဘက်သို့ လျှောက်လာသည့် ခြေသံ ။ မမြင်ရသည့်တိုင် နှလုံးသားအထိ ရင်းနှီးပြီးသား အငွေ့အသက်နှင့် လှုပ်ရှားမှုတွေကြောင့် ရင်သည် ငြိမ့်ခနဲ လှိုက်ကာခုန်သည် ။

အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးလည်း ကြည့်၍မ၀နိုင်သော မျက်နှာကို မြင်ချင်လွန်းသဖြင့် မျက်လုံးတို့ကို အားယူဖွင့်ကြည့်သော်လည်း ပုံရိပ်သည် အငယ့် မျက်လုံးများထဲ ဝေဝါးနေဆဲ ။ စိတ်နှင့်ကိုယ် အံ၀င်ခွင်ကျမဖြစ်သည့်အခိုက် အငယ် လုပ်မိသည်က လှဲနေရာမှ စက်ခနဲ ထလိုက်မိခြင်း ။

" ဟိတ်! "

" သတိထားဦးလေ !! "

အားနည်းနေသည့် ခန္ဓာကိုယ်မှာ ပြန်ယိုင်လဲကျသဖြင့် အငယ် ကြောက်အား လန့်အားဖြင့် ဆွဲမိဆွဲရာ ဆွဲလိုက်ကာ မျက်လုံးစုံမှိတ်ထားလိုက်မိသည် ။ ထင်ထားခဲ့သလို မွေ့ယာအိအိပေါ်သို့ ကျရောက်သွားခြင်း မရှိပဲ ကျစ်လစ်သန်မာသည့် ရင်ခွင်အတွင်း၌ လူသည် မလူးသာ မလွန့်သာ ။

အဖြစ်အပျက်သည် မျက်စိတမှိတ်အတွင်း မြန်မြန်ဆန်ဆန် ဖြစ်သွားသဖြင့် အငယ် မျက်လုံးလေး၀ိုင်းကာ ကြောင်လျက်သား ။ အယောင်ယောင်အမှားမှားဖြင့် ဆုပ်ကိုင်ထားမိခဲ့သည့် ရှပ်အင်္ကျီလေးသည် အငယ့်လက်ထဲတွင် မွမွကြေ‌ချင်နေပြီ ။

သတိ၀င်လာသည့်တိုင် အင်္ကျီကို လွှတ်ပေးခြင်းမရှိသေးသည့် အငယ့်ကို ကိုကိုသည် ငုံ့မိုးကြည့်ပြီး ခပ်တိုးတိုးပြုံးရယ်သည် ။ တည်ငြိမ်သူမှာ ဣန္ဒြေမပျက်သော်လည်း အချစ်ရူးလေးမှာ ထိတွေ့နေရသည့် ရင်ဘတ်ကြွက်သားမို့မို့နှင့် လက်မောင်းနှစ်ဖက်အကြား ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲကာ ကျန်နေ‌သေးသည့် အမူးပင် ပြေပျောက်ချင်သွားသည် ။

T H I R D Where stories live. Discover now