3rd - XIX

1.2K 227 57
                                    

Honeymoon ...

ပျားရည်လို ချိုမြပြီး တိမ်စိုင်တွေကိုစီးကာ လမင်းကြီးထံ အလည်သွားရသလို ကာလများ (သို့မဟုတ်) ကြင်စဦး မောင်နှံ၏ ရင်တဖိုဖိုနှင့် လှိုက်မောပျော်ရွှင်ရသော အခိုက်အတန့်အချိန်လေးများတဲ့ ... ။

ဆယ့်ရှစ်နှစ်ပင် ကောင်းကောင်းမပြည့်သေးသော ဆယ်ကျော်သက်လေး ဆိုသော်ငြား ထိုအကြောင်းနှင့် ပတ်သက်၍ အချစ်၀တ္ထုတွေလည်း ဖတ်ဖူးပြီး ရုပ်ရှင်တွေထဲလည်း တွေ့ခဲ့ဖူးသည် ။

" အိမ်ထောင်ဖက် " ဟူသည့် အရင်းနှီးဆုံး အနေအထားကို ရောက်လာကြသည့် သူတိုင်းအတွက် ပျားရည်စမ်း ခရီးစဉ်လေးသည် အချစ်တွေနှင့် ပြည့်နှက် ပျော်ရွှင်စရာ‌ ကောင်းနေလိမ့်မည် ဟုလည်း ယုံကြည်မိခဲ့သည် ။

သွေးသားပတ်သက်မှုများ မရှိလည်း ကိုကိုကလွဲလျှင် လောဘမကြီးတတ်သော ကောင်လေးအဖို့ အတူရှိနေရလျှင်ကို စိတ်အေးချမ်း လုံခြုံရာ ဟု တွေးထားပြီးသား ဖြစ်သည် ။ ထို့ကြောင့် မေ‌မေတို့ထံ ပို့ခဲ့သည့် ဓာတ်ပုံတိုင်းနီးပါးတွင် ပြုံးရယ်နေသည့် အငယ့် ပုံလေးများက အကောင်းဆုံး ‌သက်သေ ဟု ဆိုနိုင်သည် ။

သို့သော် ထိုအပြုံးများသည် ရွှေရည်စိမ် ပျော်ရွှင်မှုများကို ကောင်းကောင်း ဖုံးကွယ်ထားသည့်အကြောင်း ကိုကို အပါအ၀င် အငယ့် အိမ်သားများအားလုံး သိနိုင်မည် မဟုတ်ပါ ။

Honey Moon ခရီးစဉ်တွင် ကိုကိုသည် တာ၀န်တစ်ခုကို ထမ်းဆောင်နေရသလို သံပတ်ပေး ခိုင်းစေထားသည့် စက်ရုပ်တစ်ခုကဲ့သို့ အငယ် သွားလိုသည့် နေရာတိုင်း ၊ ရှိစေချင်သည့် နေရာတိုင်းတွင် ရှိနေပေးခဲ့သည် ။

ချစ်ခြင်းတရားကို ငံ့လင့်နေသူအဖို့ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာသော အရာများထက် စိတ်နှင့်ကိုယ် ကြည်ဖြူ၍ ပေးအပ်လာသော အရာများကို မျှော်လင့်မိသည့်အခါ ဘ၀သည် ဆန္ဒနောက် လိုက်ပါမလာနိုင်ခဲ့ ။

ခုလည်း အငယ် အိပ်ပြီ အထင်နှင့် ဘန်ဂလိုလေး၏ ၀ရံတာ‌တွင် လမ်းလျှောက်နေသည့် အရိပ်လေးရှိရာသို့ ခြေရာခံလိုက်လာမိသည် ။ မနက်တစ်နာရီ ဟူသော အချိန်သည် အိပ်ချိန်ကို အတော်အသင့် ကျော်လွန်နေပြီ ဖြစ်သော်လည်း အငယ့် တစ်ဦးတည်းအပိုင်ဟု အများက သိထားကြသည့် အရိပ်လေးသည် ၀ရံတာ၏ လက်ရန်းဘောင်လေးကို ဆုပ်ကိုင်ကာ အတွေးကောင်းနေဆဲ ။

T H I R D Hikayelerin yaşadığı yer. Şimdi keşfedin