လေအဝှေ့တွင် ယိမ်းနွဲ့သွားသည့် မွေးနေ့ကိတ်ပေါ်ရှိ ဖယောင်းတိုင်မှ အဝါရောင်မီးတောက်နှင့်အတူ သူ့ထံ ငေးမောကြည့်နေသည့် အဝါရောင်ပုံရိပ်လေး ။ နှုတ်ဖျားမှ ပြောမထွက်သည့် စကားလုံးပေါင်းများစွာကို ထိုမျက်၀န်းများမှ တဆင့် ခံစားသိရှိပြီး အမည်မဖော်နိုင်သော ဝေဒနာများလည်း ရင်ထဲပြည့်သိပ်သည် ။
" ဆုတောင်းပြီးရင် မီးကို ငြှိမ်းလိုက်တော့လေ ... Jeon "
" အင်း ... "
အရိုးသားဆုံး ၀န်ခံရလျှင် ထိုအခိုက်အတန့်တွင် မည်သည့်ဆုတောင်းမှ အတွေးထဲ ရောက်မလာ ။ လုပ်ရိုးလုပ်စဉ်တစ်ခုကို ဆောင်ရွက်ရသူလို သူ ခပ်မြန်မြန်သာ ဖယောင်းတိုင်မီးကို ငြှိမ်းသတ်လိုက်သည် ။
" Happy Birthday ... Jeon "
" ထပ်ပြီး ငါတို့နှစ်ယောက် အတူတူ ဖြတ်သန်းခွင့်ရတဲ့ မွေးနေ့လေးနော် ... "
" နောက်နှစ်မွေးနေ့တွေကိုလည်း အမှတ်တရအသစ်တွေ ဒီလို ဖန်တီးခွင့်ရချင်သေးတယ် "
အရည်ကြည်လဲ့လာသော မျက်၀န်းများကို သူ မမြင်သာအောင် ရွှေအိုရောင်ဆံနွယ်များနှင့် ဖုံးကွယ်ကာ ခပ်မြန်မြန် သုတ်လိုက်တာ တွေ့ရသည် ။ ဖယောင်းတိုင် မီးထွန်းထားစဉ်က ပိတ်ထားခဲ့သည့် အခန်းမီးအား သူ ထဖွင့်ရန် ရပ်လိုက်စဉ် ကျောပြင်ကို ထိကပ်လာသည့် အနွေးငွေ့တစ်ခု ။
" Jeon ... "
" ငါ အခုလေ Harvard က ညတွေကို ပြန်သတိရသွားတယ် ... "
" ...... "
" အဲ့တုန်းက ငါတို့ ဘာအနှောင်အဖွဲ့မှ မရှိခဲ့ကြဘူးနော် ... "
" ..... "
" မင်းကို ချစ်ဖို့ကလွဲရင် ဘာမှ မသိခဲ့တဲ့ ငါ့ဘ၀လေး ... "
တိုးဖျော့ကာ တိမ်၀င်သွားသည့် စကားသံများအဆုံးတွင် ခါးဆီသို့ ပိုမိုတင်းကြပ်စွာ ဖက်တွယ်လာသည့် လက်တွေနှင့်အတူ သူ့ရင်သည်လည်း မွန်းကြပ်ခြင်းများနှင့် လှောင်ပိတ်လာသည် ။ ရှုပ်ထွေးလာသည့် စိတ်နှင့်အတူ ခေါင်းကို ခါထုတ်လိုက်ပြီး Park ကို သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည် ။
ВЫ ЧИТАЕТЕ
T H I R D
Фанфик" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "