ဖရဲသီးနှင့် စတော်ဘယ်ရီခြင်းလေးများအား သယ်ဆောင်လာသော ကားအဖြူရောင်တစ်စီး ကွန်ဒို၀န်းထဲသို့ ၀င်ရောက်လာသည် ။ လန်းဆန်းတက်ကြွသော အပြုံးချိုချိုလေးသည် ကားမှန်ပြတင်းမှတဆင့် ကွန်ဒို၏ ထိပ်ဦးပိုင်းသို့ ငေးမျှော်ကြည့်ရင်း လိုက်ပါလာခဲ့သည် ။
မိဘအိမ်မှာ ဆက်မနေဖြစ်တော့သော ကိုကိုက ကွန်ဒိုတွင် သူတစ်ဦးတည်းသာ သီးသန့်ခွဲနေခဲ့သည် ။ ကျောင်းလည်း ဆက်မတက်ဖြစ်တော့ပဲ မိသားစု၏ စီးပွားရေးလုပ်ငန်းသို့ ၀င်ရောက်လုပ်ကိုင်လာသည် ။ ကိုကို ကျောင်းဆက်မတက်ဖြစ်တော့လို့ ရေမြေခြားပြီး လွမ်းရသည့် ဒုက္ခကြီးကို မခံစားရတော့သော်လည်း အချစ်ဆိပ်တက်နေသူအဖို့ နေ့နေ့ညည မြင်ချင် တွေ့ချင်စိတ်များက တားမရ စီးမရ ။
နှစ်ဖက်မိဘ ခွင့်ပြုပြီးကတည်းက ကိုကို့ထံ ချောင်းပေါက်မတတ် လာခဲ့သော အငယ်နှင့် ကားအဖြူရောင်လေးကို ကွန်ဒို၏ လုံခြုံရေးဦးလေးများပင် မျက်မှန်းတန်းမိနေကြပြီ ။
“ ကဲ! ဧည့်သည်လေးကတော့ အချိန်မှန်သဗျ ”
" ဦးလေးတို့အတွက်လည်း အသီးတွေ ယူလာပါတယ်နော် ... "
ကားထဲမှ အသီးခြင်းအား ထုတ်ယူရင်း လုံခြုံရေးအဆောင်ထဲသို့ အငယ် အပြေးလေး သွားပို့သည် ။ အဆင့်အတန်းမခွဲခြားတတ်သော စိတ်ရင်းလေးကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုနေသော ဦးလေးတို့အား နှုတ်ဆက်ခဲ့ပြီး ကိုကိုရှိရာ အခန်းသို့ ဦးတည်မိပြန်သည် ။
ဓာတ်လှေကားသို့ မ၀င်မှီ နောက်ဆံတင်းသလို အနောက်မှာပါလာသည့် James ထံ တစ်ချက်လှည့်ကြည့်မိသည် ။ James ရှိနေလျှင် အားနာပြီး မြန်မြန်ပြန်ခိုင်းမည့် ကိုကို့ပုံရိပ်ကို ခေါင်းထဲ တွေးမိပြီး အငယ် မျက်နှာလေး ရှုံ့မဲ့သွားသည် ။ ရောက်တုန်းရောက်ခိုက်လေး အနားမှာ ကြာကြာနေချင်သည့်စိတ်လေးကြောင့် James ကို အရင်ပြန်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည် ။
" James ... အပေါ်ကို မလိုက်ခဲ့နဲ့တော့နော် "
" ပြန်နှင့်လိုက်တော့ ... ကိုကို့ကို လိုက်ပို့ခိုင်းလိုက်မယ် "
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "