မေမေ ပေးခဲ့သော ဓာတ်ပုံလေးတွင် နာမည်ရှိသည် ။
ဤသည်ကား " ကိုကို " ... ။
ကိုကို သည် ကိုကိုကြီးလို ဟန်ကြီး တစ်ခွဲသားနှင့် ဗိုလ်ကေကို ဆီအပြောင်လိမ်းကျံကာ လူကြီးပုံ ဖမ်းထားတတ်သည့် ပုံစံမဟုတ် ။
တက္ကသိုလ်ကျောင်းသား ပီပီ ခေတ်နှင့်အညီ နေထိုင်ပုံရပြီး ဘွဲ့လွန်ကျောင်းသားလေးမို့ ငယ်ရွယ်မှုတစ်ပိုင်း ရင့်ကျက်မှုတစ်၀က်နှင့် လွန်စွာ ကြည့်ကောင်းသူ ။
လူချင်း မတွေ့ဖူးကြသေးသော်လည်း ဓာတ်ပုံနှင့်တော့ အတော်ရင်းနှီးထားပြီးဖြစ်သော အငယ်ဆုံးလေးသည် ကိုကို့ ကို ကျောင်းအထိ အလည်ခေါ်သွားတတ်သည် ။ သူ ဘယ်သွားသွား ကျောပိုးအိတ်လေးထဲတွင် ကိုကို လိုက်ပါရသည် ။
အတန်းဖော် သူငယ်ချင်းတွေ အကြောင်း တီးတိုးပြောပြရသည်အထိ ကိုကို့အပေါ် ရင်းနှီးခဲ့သည် ။
" ကိုကို သိလား? မီဆူကလေ ဒီနေ့ lecture ချိန်မှာ သေချာ နားမထောင်ပဲ စကားပြောနေလို့ အမှတ်လျှော့ခံလိုက်ရတယ် "
" စကားများတဲ့ကောင်မလေးတွေဆို ကျွန်တော်ဖြင့် ကြည့်မရချင်ဘူး "
အိမ်စာလေးတွေ ရေးနေရင်း တစ်နေ့တာအကြောင်း ဖောက်သည်ချနေသော အငယ်ဆုံးလေး ။ ရွယ်တူစကားပြောဖော်တစ်ယောက်ရသလို မေမေ ရှာပေးထားသည့် သူငယ်ချင်းအသစ်အား အငယ်ဆုံးလေးက စိတ်ချလက်ချ ရင်းနှီးပစ်လိုက်သည် ။
သို့သော် ကိုကို့ အသံကို မကြားဖူးသေး ။ ရုပ်လေးချောသလို အသံလေးလည်း နားထောင်ကောင်းမည်ဆိုတာ ယုံကြည်သော်လည်း လက်တွေ့တွင်တော့ ကြားခွင့် မရနိုင်သေး ။
ကိုကို့ ကိုလည်း သူ့အကြောင်းတွေ မိတ်ဆက်ပေးထားသည်လို့ ကိုကို့ မေမေ အန်တီက ပြောပြလို့ သူ ရင်တွေ ခုန်ရသေးသည် ။
သူ့လို ချာတိတ်လေးကို ပညာတတ်ကြီး ကိုကိုက ခင်ချင်ပါ့မလား ။
.
.
.
.
.တစ်ပတ်တာ ကျောင်းဖွင့်ရက်၏ နောက်ဆုံး သောကြာနေ့သို့ ရောက်လာသည် ။ ကျောင်းတွင်း ကပွဲအသေးစားလေးအတွက် နှစ်ဦးတည်းသော သူငယ်ချင်းနှစ်ယောက်မှာ အခန်းအ၀တ်ဗီရိုကြီးရှေ့ ၀တ်စုံများစွာအား ရွေးချယ်နေသည့်တိုင် စိတ်တိုင်း မကျနိုင်သေး ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "