ပြတင်းတံခါးမှ တိုး၀င်တိုက်ခတ်လာသော လေပြည်များကြောင့် စားပွဲပေါ်ရှိ ဖွင့်ထားလျက်သား စာအုပ်လေးသည် ပိုင်ရှင်လေးရှိနေသည့်တိုင် ထိန်းကွပ်သူမဲ့စွာ တဖျပ်ဖျပ်လှပ်၍ လွင့်နေ၏ ။
တကယ်တမ်းက ပိုင်ရှင်လေးကိုယ်တိုင် စိတ်တွေ လေလွင့်နေခဲ့ပြီး ရှုပ်ထွေးနေသောစိတ်များသည် စာ ဆီသို့ အာရုံပြုလို့မရအောင် နှောင့်ယှက်ထားသည် ။
ထပ်ခါ ထပ်ခါ ကြည့်နေခဲ့သော ကျောင်းစာများသည် ခေါင်းထဲသို့ ၀င်လာနိုင်ခြင်းမရှိပဲ ကိုကိုတို့နှစ်ယောက်၏ ရယ်သံများသာ အာရုံထဲ အထပ်ထပ်ကြားယောင်သည် ။
ဝုန်း!!!
စားပွဲပေါ်ရှိ ပစ္စည်းများကို အားဖြင့် တွန်းချလိုက်သဖြင့် စာကြည့်မီးအိမ်လေး အခန်းနံရံနှင့် တိုက်မိပြီး တစစီ ဖြစ်သွားသည် ။
မျက်ရည်မကျသော်လည်း တစက်စက်တုန်ရီနေသည့် လက်များက ပိုပြင်းထန်တာတစ်ခုခုကို ထပ်လုပ်မိမှာစိုးလို့ ထိန်းထားရသည့် အခြေအနေ ။ အပိုင် ဟုသတ်မှတ်ပြီးလျှင် အလျှော့မပေးတတ်သည့် အတ္တလေးများအား အငယ်ကိုယ်တိုင်ပင် ထိန်းချုပ်ရခက်ခဲ့သည် ။
ကလေးဆန်သည့် တောင့်တမှုလေး၊ ရိုးရှင်းလှသည့် အစွဲအလန်းလေးသည်် ကိုကို တစ်ဦးတည်းနှင့်သာ သက်ဆိုင်နေသည် ။
၁ပတ်သာ လိုတော့သော စာမေးပွဲရက်များတွင် စိတ်ဒဏ်ကြောင့် အငယ် စာ ကောင်းကောင်းမလေ့လာနိုင် ။ ဂိုက်ဆရာမလေးခမျာ ကြိုးစားသင်ပြရှာသော်လည်း ထုံပေပေလုပ်နေသော အငယ့်ကြောင့် ပင်ပန်းသမျှ အရာမထင် ။
ယခင်က ကင်မ်လူကြီးမင်း၏ တစ်ခွန်းဆို တစ်ခွန်း ကြောက်ရွံ့တတ်သောသော အငယ်လေးသည် ယခုမူ မတုန်မလှုပ် ကျောက်ရုပ်လို လုပ်နေတတ်သည် ။ အမြဲလို ပျော်ရွှင်ရယ်မောနေတတ်သည့် သာလိကာ လေကျယ်လေး မှိုင်တွေနေသဖြင့် ကင်မ်ကတော် သောကပွေရသည် ။
" ကျောင်းပြန်ခါနီး အကူအညီတောင်းရတာ အားနာရပါတယ် သားရယ် "
" ဆော့ဂျင်လေး စာမေးပွဲနီးမှ မှိုင်နေလို့ အန်တီလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး ... "
BẠN ĐANG ĐỌC
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "