တဂွီဂွီ မြည်လာသော ၀မ်းဗိုက်လေး၏ အချက်ပြမှုကြောင့် ရင်ထိုးရရေး တို့အရေးလုပ်ကာ အငယ် အသံတိတ် ဆန္ဒမပြနိုင်တော့ ။ အဖိုးတန်လက်ဆောင်လေး လက်၀ယ်မရခင် အစာအိမ်ကို အရင်ဖြည့်တင်းရတော့မည် ။ ပြခန်းတည်ရှိရာ ပတ်၀န်းကျင်သည် အငယ် သွားလာနေကျ မဟုတ်လို့ ကိုကို လိုက်ပေးမည် ပြောလာသော်လည်း မခေါ်သွားရက် ။
ပန်းချီကားချပ် တစ်ချပ်ချင်းစီတိုင်းအား စူးနစ်စွာ ငေးစိုက်ကြည့်နေသည့် ကိုကို့မျက်လုံးများတွင် မြတ်နိုးမှုတွေ အတိုင်းသား မြင်နေရသည် ။ အကြိုက်ချင်း မတူကြသည့်တိုင် ကိုကို့ဝါသနာကို လေးစားတာမို့ အနှောင့်အယှက်မပေးပဲ တစ်ယောက်တည်းသာ ထွက်လာခဲ့လိုက်သည် ။
ပြခန်းထဲက ထွက်လိုက်သည်နှင့် မျက်လုံးထဲ အရင်၀င်လာသည်က လမ်းထောင့်ချိုးမှ အမိုးအပြာပြာနှင့် လက်တွန်း ရေခဲမုန့်ဆိုင်လေး ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလို အမောလည်းပြေ ရင်လည်းအေးစေမည့် ရေခဲမုန့်လှည်းဆီသို့ အငယ် ပြေးတာ့သည် ။
" စတော်ဘယ်ရီ အရသာနဲ့ နှစ်ခုပေးပါ "
" အာ ... မေ့လို့ သုံးခု ယူမယ်နော် သုံးခု "
အစက တစ်ယောက်တည်း နှစ်ခု စားမည် အကြံနှင့် မှာလိုက်သော်လည်း ကိုကိုလည်း စားချင်နေမလား တွေးမိရင်း စိတ်ကူးပြောင်းကာ သုံးခုဖြစ်သွားသည် ။ အိမ်က မထွက်ခင် ခြင်းထဲက စတော်ဘယ်ရီအလုံးလေးတွေကို အိတ်ကပ်အပြည့် ထည့်ယူခဲ့တာမို့ ရေခဲမုန့်နှင့် တွဲစားဖြစ်လိုက်သေးသည် ။
ကောင်းလိုက်လေခြင်း ... ။
စိတ်ကြိုက် စားပြီးသကာလ ကိုကို့အတွက် ၀ယ်လာသည့် ရေခဲမုန့်တစ်ခုကို အရည်မပျော်အောင် သတိထားကိုင်ရင်း ပြခန်းထဲသို့ ပြန်၀င်ခဲ့သည် ။
" ဘယ်ရောက်သွားတာများလဲ ... "
ပွဲချိန်ကျင်းပသည်မှာ ကြာမြင့်လာသည်နှင့်အညီ များလာသော လူအုပ်ကြား ကိုကို့ကို ရှာဖွေလို့မရ ။ ဖုန်းဆက်ခေါ်ချင်သော်လည်း ရေခဲမုန့်တစ်ဖက်နှင့်မို့ လက်က ဖုန်းကိုင်ဖို့လည်း အဆင်မပြေ ။ ပြခန်းသည် နှစ်ထပ်ရှိသည်မို့ အပေါ်ထပ်သို့ တက်လာခဲ့ပြီး လူရှင်းသည့် စင်္ကြန်ဘက်သို့ ရှိလိုရှိငြား တက်ကြည့်မိသည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "