3rd - XXIX

2.4K 308 114
                                    

တနင်္ဂနွေသည် နာကျင်မှုများနှင့် စတင်သည် ... ။

တစ်ညလုံးအိပ်မပျော်နိုင်ပဲ မျက်စိ‌ရှေ့ တည့်တည့်တွင်ရှိနေသည့် စားပွဲပေါ်မှ စာချုပ်နှစ်စုံတွင်သာ အတွေးတို့ နစ်မြုပ်လျက်ရှိသည် ။ တစ်လိပ်ပြီး တစ်လိပ် ကုန်၍သွားသော စီးကရတ်များသည် စိတ်၏ မွန်းကြပ်ခြင်းများကို ဖော်ပြနေသည့် အကောင်းဆုံး သက်သေများ ဖြစ်လိမ့်မည် ။

အနည်းငယ် ရှည်လာသည့် ဆံပင်များထဲသို့ လက်ထိုးထည့်ကာ ဖွမိရင်း ပုံရိပ်တစ်ခုအား အတွေးထဲ မြင်ယောင်မိသည့်အခိုက် မျက်ရည်များ ဝဲတက်လာသည် ။ မယုံကြည်နိုင်သော ၊ လက်ခံနိုင်ရန် ခက်ခဲသော ၊ လုပ်ရက်လေခြင်း စသဖြင့် အဓိပ္ပါယ်များစွာ ပါ၀င်နေသော မျက်၀န်းညိုသည် သူ့အား အားငယ် ဖျော့တော့စွာ ငေးကြည့်ရင်း မိခင်ဖြစ်သူနှင့်အတူ လိုက်ပါသွားခဲ့သည် ။

" အငယ် သူ့ကို မချစ်လျှင် ကောင်းမည် " ဟူသော အတွေးမျိုး ကနဦးအစတွင် ရှိခဲ့မိသော်လည်း တကယ်တမ်းသာ မချစ်တော့လျှင် ... ။

ရင်သည် လှိုက်၍ ပူလာသည် ။ ထိုအခြေအနေကို သဘောတူ လက်ခံလိုက်ဖို့ရာ အဆင်သင့် မဖြစ်သေး ။

မဟုတ်ဘူး ... ။ လက်တွေ့တွင် ထိုသို့ ဖြစ်လာမှာကို မသိစိတ်တွင် ကြောက်ရွံ့နေခဲ့ခြင်း ဟု ဆိုနိုင်သည် ။

" မချစ်ဘူး " ဟု ခါးခါးသီးသီး ငြင်းဆိုကာ စိတ်ဒဏ်ရာ အထပ်ထပ်ပေးနေခဲ့‌သော်လည်း တကယ်တမ်း လွှတ်မချနိုင်သူမှာ သူ ကိုယ်တိုင်သာ ဖြစ်နေခဲ့ပြန်သည် ။

ဒါဆိုလျှင် အရင်အခြေအနေမျိုး ပြန်ရောက်အောင် အငယ့်ကို မဖြစ် ဖြစ်သည့်နည်းနှင့် အနားမှာ ပြန်ခေါ်ထားသင့်သလား ... ။

အတ္တကြီးလွန်းသည့် အတွေးမျိုး ဖြစ်သည် ။ ထို့အတူ အငယ့်အပေါ် တရားမျှတမှုလည်း မရှိ ။

သူသည် အငယ့်ဘ၀၏ အချစ်ဦး ဖြစ်ခဲ့၏ ။ အချစ်ဆုံးလည်း ထိုနည်းလည်းကောင်း ဖြစ်၍ နေလိမ့်မည် ။ သို့သော် ဦးဦးဖျားဖျား အချစ်ဦး တစ်ယောက် ဖြစ်ခွင့်ရခဲ့သည့်တိုင် အငယ် မျှော်လင့်သည့် အချစ်မျိုးအား မျှော်လင့်နေချိန်တွင် မပေးခဲ့မိ ။

T H I R D Onde histórias criam vida. Descubra agora