3rd - XX

1.3K 239 65
                                    

ဝေးကွာခြင်းနာရီများအား စိတ်ဖြင့် တိုတောင်းပစ်ချင်လှသော်လည်း လက်တွေ့တွင် ဖြစ်မလာနိုင်သည့်အတွက် ခရီးစဉ်တလျှောက် သောကစိတ်လေးအား လူမမြင်သာအောင် ဖုံးကွယ်ရင်း လိုက်ပါလာခဲ့ရသည် ။

အသွားနှင့် ဆန့်ကျင်စွာ အပြန်ခရီးသည် ကိုကို မပါ၀င်သဖြင့် တိတ်ဆိတ် ခြောက်ကပ်ပြီး အချိန်များသည် ကုန်ရန် ပို၍ ကြန့်ကြာနေသလို ခံစားရသည် ။ Private လေယာဉ်မို့ လူစိမ်းမပါ၀င်သည့်တိုင် ကိုကိုနှင့် သူ၏ အိမ်ထောင်ရေးအား ပျော်ရွှင်‌အေးချမ်းသည် ဟုသာ သိမြင်စေချင်သဖြင့် အငယ် ဟန်ဆောင်ပြီး ခဏ ခဏ ပြုံးဖြစ်သည် ။ သို့မှသာ မေမေနှင့် အိမ်သားများအားလုံးလည်း စိတ်အေးလက်အေး ရှိနေနိုင်မည် ဖြစ်သည် ။

“ အစ်ကိုလေး ... အင်ချွန်းလေဆိပ်ကို ရောက်ဖို့ နာရီ၀က် အလိုပါ ”

“ အိမ်တန်းပြန်ဖို့ စီစဉ်လိုက်ရမလား ဒါမှမဟုတ် တခြား သွားစရာများ ရှိသေးလား သိပါရစေ ... ”

အမိမြေကို စတင် ၀င်ရောက်လာသည်နှင့် ကိုကိုနှင့် တွေ့ရတော့မည် ဆိုသည့် အသိကြောင့် ကြည်လင်လာသော စိတ်ကလေးသည် ကိုကို့ အတိတ်ဟောင်းနှင့် ထပ်ပြီး မျက်နှာချင်းဆိုင်ရဦးမည့်အဖြစ်ကို သတိရသွားသောအခါ အပျော်တွေ မှေးမှိန်သွားရပြန်သည် ။

“ ကျွန်တော် အိမ်မပြန်သေးဘူး ... ”

“ နာရေး ... ”

“ ကိုကို ရှိနေတဲ့ ... နာရေးကို အရင်သွားမယ် ”

ခရီးတလျှောက် စားမ၀င် ၊ အိပ်မပျော်နှင့် ပင်ပန်းနေသည့်တိုင် ကိုကို့အား တွေ့ချင်စိတ်တစ်ခုသာ ပြင်းပြင်းပြပြ ရှိသည် ။ “ နာရေးကြောင့်ပါ ” ဟု ပူပင်နေသောစိတ်ကို ဦးနှောက်အသိစိတ်ဖြင့် အကြိမ်ကြိမ် ဆုံးမနေသော်လည်း အစွဲအလန်းကြီးသော နှလုံးသားသည် ထိုလူဟောင်းနှင့် ကိုကို၏ ရေစက်အား ဤနေရာမှာတင် ပြီးဆုံးချင်မိသည် ။

“ ရောက်ပါပြီ အစ်ကိုလေး ... ”

အငယ် နာရေးသို့ ရောက်လာချိန်သည် အခမ်းအနားပြီးဆုံးချိန်ဖြစ်သဖြင့် ဧည့်သည်များအား မတွေ့ရတော့ ။ များစွာသော လွမ်းသူ့ပန်းခွေများအား သိမ်းဆည်းနေကြသည့် ၀န်ထမ်း အလုပ်သမားတချို့သာ အလုပ်ရှုပ်နေတာ တွေ့ရသည် ။

T H I R D Where stories live. Discover now