ပျော်ပျော်နေတတ်သူတို့၏ တိတ်ဆိတ်ခြင်းက အနီးပတ်၀န်းကျင်ကသူတွေအဖို့ သိသိသာသာ အပြောင်းအလဲဖြစ်စေသည် ။ ကင်မ်အိမ်တော်၏ သာလိကာလေး ဤရက်ပိုင်းအတွင်း စကားနည်းနေ၏ ။
ကန်နေကျ ဘောလုံးလေးပင် ခြေဖဝါးနုနုနှင့် ဝေးကွာနေရပြီး စတိုခန်း၏ ချောင်လေးထဲ သိမ်းထားခံရရှာသည် ။ ခြံထဲတွင် ပန်းပင်ရေလောင်းသည်ဆိုပြီး ရေအိုင်လေးထဲ ဆင်းဆော့နေတတ်သော အပြုံးချိုချိုလေးကိုလည်း မမြင်ရ ။
အိမ်၏ ဆည်းလည်းလေးသည် အခန်းအောင်းရင်း အလုပ်များနေပုံရသည် ။
" ဖားမင်းသားလေးအကြောင်းပြောပြရမလား ... "
" ဟုတ်သေးပါဘူး ... ကလေးတွေ သိပြီးလောက်ပြီ "
ကုတင်ပေါ် ၀မ်းလျားမှောက်လေးဆီက အသံထွက်လာသည် ။ အဖုံးမှာ မုန်လာဥပုံပါသည့် ပန်းရောင်ဘောလ်ပင်လေးဖြင့် မေးကို တတောက်တောက်ခေါက်သည် ။ ခဏအကြာ သွေးကြောမျှင်လေးတွေ ယှက်ပြေးနေသည့် ပါးပြင်နုနုကို စိတ်ရှုပ်ရှုပ်ဖြင့် ဆွဲကုတ်လိုက်ပြန်သည် ။
" ဒါဆို Cinderella ရော ... "
" သိပြီးသားကြီးဆိုတော့ ပျင်းနေကြမလား ... "
ခေါင်းသေးသေးလေးသည် အဆော့နှင့် အစားဆိုလျှင် စဉ်းစားစရာ မလိုအောင် ဉာဏ်ကြီးရှင် ပီသသော်လည်း တခြားနေရာများ၌ ကောင်းကောင်းသုံးမရ ။ ကျောင်းက ပြုလုပ်သည့် ပရဟိတအလှူလေးသည် မိဘမဲ့ကျောင်းတစ်ခုတွင် ပြုလုပ်ကြမည် ဖြစ်ပြီး ကိုယ်စီ စိတ်ကူးလေးများဖြင့် ကလေးများအား အပန်းပြေစေကြဖို့ ရည်ရွယ်ထားသည် ။
ထိုအထဲတွင် အငယ်ဆုံး ရွေးထားသည်က " ပုံပြင်ပြောခြင်း " အစီအစဉ်လေး ။ သို့သော် ယခုထက်ထိ ခေါင်းစဉ်ရှာမရသေးသဖြင့် အငယ်တို့ ထုံးစံအတိုင်း မနိုင် နိုင်ရာ မဲချင်သည် ။
အိမ်တွင်လည်း သူကလွဲပြီး အငယ် မရှိသည့်အခါ မဲရမည့်သူသည် ကြောင်မလေး ဆူဆန် သာ ရှိတော့သည် ။ တစ်နေကုန် ရေမချိုးရသေးသည့် ညစ်တူးလန် ခပ်ညစ်ညစ်ပြုံးပြီး ကုတင်ပေါ်က ပြေးဆင်းသည် ။
" ဆူဆန် !! "
" ဆူဆန် !! "
" နင် မေမေ့ ပုဇွန်ခြောက်တွေ ခိုးစားနေပြန်ပြီလား? "
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "