3rd - XII

1.1K 197 16
                                    

မဝေးလွန်းသော်လည်း မနီးလှသော ခရီးကြောင့် ခန္ဓာကိုယ်ခပ်ပါးပါးသည် နုန်းနယ်ခြင်းများအပြည့် ။ မိုးလင်းပေါက် အနားယူပြီးသည့်တိုင် ပင်ပန်းနေဆဲမို့ အညောင်းညာပြေ အောက်ထပ်သို့ဆင်းပြီး ရောက်ကတည်းက မနှုတ်ဆက်ရသေးသည့် ကိုကို့မာမီထံ သွားရန် ပြင်မိသည် ။

ဝုန်း !!

အငယ် အောက်ထပ်သို့ မရောက်မှီ လှေကားအလယ်လောက်တွင် ပြင်းသော အရှိန်ဖြင့် ပွင့်လာသော အိမ်၏တံခါး ။ ကိုကိုသည် တံခါး၏ အနောက်တွင် ရှိနေခဲ့ကာ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလို ဒေါသရိပ်များဖြင့် ပြည့်နှက်နေသည် ။

ဤအခြေအနေမျိုးနှင့် ကြုံတွေ့ဖူးသူမို့ အောက်ကို ဆင်းနေရာမှ အပေါ်ထပ်သို့ ပြန်တက်ရန်သာ အငယ် ဆုံးဖြတ်လိုက်သည် ။

ကိုကို စိတ်ဆိုးနေသည့် အချိန်တိုင်း၊ ‌၀မ်းနည်းနေသည့် အချိန်တိုင်း၊ ဒေါသထွက်နေသည့် အချိန်တိုင်း၊ မပျော်ရွှင်ရသည့်အချိန်တိုင်း၊ သူ ရင်နာရသည် ။ မျက်စိရှေ့တွင် ချစ်ရသူ နာကျင်ခံစားနေရသည့် အဖြစ်ကို ကြည့်နေနိုင်ဖို့ သူ့နှလုံးသားက နုနယ်လွန်းသည် ။

ဒေါသရိပ်များဖြင့် ပူလောင်နေသည့် ကိုကို့ကို မကြည့်ရက်တော့တာကြောင့် လှေကားလက်ရန်းကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ‌ပြေးတက်တော့မည့် ညာခြေဖဝါး‌လေး လှမ်းအကြွတွင် ... ။

" အငယ် ... "

" ....... "

" လန့်အောင် လုပ်မိပြန်ပြီ ထင်တယ် ... "

ခပ်တိုးတိုးညည်းညူသံကြောင့် အငယ် မရဲတရဲလေး ပြန်လှည့်ကြည့်လိုက်စဥ် လှေကားရင်းတွင် ရပ်ပြီး ကြိုးစားပြုံး‌ပြနေသူ ။ အငယ် ရပ်နေသည့် လှေကားထစ်လေးသို့ တက်လာပြီး လက်တွင်ပါလာသည့် earphones ကို နားနှစ်ဖက်တွင် တပ်ဆင်ပေးလာသည် ။

" သီချင်းနားထောင်ပြီး အခန်းထဲ ခဏပြန်၀င်နေပေးနိုင်မလား ... "

" ပြီးတော့ ကိုယ် တံခါးလာမခေါက်မချင်း ထွက်မလာနဲ့နော် ... "

" ....... "

" သီချင်းဆုံးသွားရင် လာခေါ်မယ် ... "

ဒေါသကို ဟန်ဆောင်မျိုသိပ်ထားရသည့် စကားသံတွင် တုန်ရီခြင်းများ လှိုင်းခတ်နေသည် ။ စိတ်ကို အတတ်နိုင်ဆုံးထိန်းထားပုံရသည့် ကိုကိုသည် ကလေးတွေကို ချော့မြူသည့်အတိုင်း သူ့ခေါင်းလေးကို တစ်ချက် ဖွဖွပွတ်သပ်ပေးပြီး အခန်းသို့ သွားစေသည် ။

T H I R D Donde viven las historias. Descúbrelo ahora