3rd - XVI

1.2K 213 40
                                    

၇ရက်မှသည် ၁၀ရက်အထိ အဆက်အသွယ် မရသည့်အခါ နှလုံးသားနုနုသည် မွမွကြေချင်လာသည် ။ ကျောင်းဖွင့်စမို့ လူနည်းနေသေးသည့် သုံးထပ်စာသင်ဆောင်၏ အပေါ်ဆုံးထပ် ထောင့်ချိုးနေရာလေးသည် လတ်တလောတွင် ၀မ်းနည်းနေသူအတွက် တိတ်တခိုး ရှောင်ပုန်းရာ နေရာလေး ဖြစ်သည် ။

မကိုင်မှန်းသိသော်လည်း နေ့စဉ် ခေါ်ဆိုနေမိသော ဖုန်းကောလ်လေးများအတွက် ကိုကိုသည် သနားသောအားဖြင့် တစ်ကြိမ်လောက်ဖြစ်ဖြစ် ပြန်ခေါ်သင့်သည်ဟု အငယ် ထင်သည် ။ သတ်မှတ်ချိန်ပြည့်သွားလို့ လိုင်းပြတ်တောက်သွားသည့် ဖုန်းလေးကို ပြန်ပိတ်ရင်း အိတ်ထဲထည့်မည်အလုပ် ဖုန်းဘက်ထရီ ကုန်တော့မှာကို အငယ် သတိပြုမိသွားသည် ။

မဖြစ်နိုင်သော်လည်း အကယ်၍များ ကိုကို ပြန်ဆက်ခဲ့လျှင် သူ့ဖုန်းအားကုန်ပြီး ပိတ်နေမှာ စိုးသဖြင့် ဖုန်းအားသွင်းလို့ ရနိုင်မည့် ကျောင်းကန်တင်းသို့ အမြန်သွားရန် ပြင်လိုက်သည် ။ ကျောပိုးအိတ်ပန်းရောင်လေးနှင့် ဆံသားညိုလေးတွေ လွင့်ခါသည်အထိ ပြေးသွားမိရင်း ခပ်လှမ်းလှမ်းတွင် ရပ်ထားသော ကားတစ်စီးက အမှတ်တမဲ့ အာရုံထဲသို့ ဝင်ရောက်လာသည့်အခါ ရင်သည် ဒိတ်ခနဲ ။

ဘုရားရေ ... ။

ဖြစ်တန်စွမ်းနည်းသော်လည်း စိတ်ထဲတွင် “ တကယ် ဖြစ်ပါစေ ” ဟူ၍သာ အကြိမ်ကြိမ် ဆုတောင်းနေမိသည် ။ အလွတ်ရနေသည့် ကားနံပါတ်ပြားလေးကို သေချာအောင် ထပ်ခါထပ်ခါကြည့်ရင်း အရှိန်မြင့်လာသည့် နှလုံးခုန်သံတွေ ။ ချစ်ရသူ၏ အငွေ့အသက်လေးတစ်ခုတည်းနှင့်တင် ခန္ဓာကိုယ်သည် အနွေးဓာတ်လေးတစ်ခု လွှမ်းခြုံသွားသလို ခံစားလိုက်ရပြီး နှုတ်ဖျားမှ ထိုသူ၏ နာမည်ကို ခပ်တိုးတိုးရေရွတ်မိသည်အထိ ပျော်ရွှင်ခြင်းဆဲလ်များ တရိပ်ရိပ် ပျံ့နှံ့လာသည် ။

ဒေါက် ... ဒေါက်

ကားနားရောက်သည်အထိ အပြေးလေး သွားမိပြီး မှန်အပြည့်တင်ပိတ်ထားသည့် ကားတံခါးလေးအား မနားတမ်း ခေါက်ကာ နှုတ်ဆက်မိသည် ။ ညစဉ်အိပ်မက်တိုင်းတွင် စိုးမိုးထားနိုင်သူ၏ မျက်နှာလေးကို တွေ့မြင်ချင်စိတ်များသည်လည်း နှလုံးသား၏ ဟိုးအနက်ရှိုင်းဆုံး နေရာမှ လှိုက်တက်လို့ လာနေသည် ။

T H I R D Donde viven las historias. Descúbrelo ahora