3rd - VIII

1.1K 162 10
                                    

ကြိုက်မိသည် မဟုတ်သော်လည်း ‌အတွေးစတွေ ရှုပ်ထွေးလာရှိတိုင်း လုပ်မိသည့်အကျင့်က စီးကရတ်သောက်ခြင်း ။ ရှိုက်ထုတ်လိုက်သော ဆေးလိပ်ငွေ့များသည် စိတ်ရှုပ်ထွေးခြင်းများကိုပါ သယ်ဆောင်သွားနိုင်လျှင် သူ တော်တော်လေး ကျေးဇူးတင်မိလိမ့်မည် ။

ကုန်ခါနီး စီးကရတ်တိုအား စီးထားသည့် ရှုးဖိနပ်ထိပ်ဦးဖြင့် ဖိချေ ငြှိမ်းသတ်ပြီးသကာလ ၀ရန်တာဘောင်ပေါ်ရှိ စီးကရတ်ဘူးဆီသို့ လက်က ရွယ်မိလျက်သား ဖြစ်သည် ။ စီရီစွာ တည်ရှိနေသော Marlboro စီးကရတ်များထဲမှ တစ်လိပ်ကို နှုတ်ခမ်းတွင် ဖိခဲထားလိုက်ပြီး မီးညှိရန် ပြင်သည့်အခိုက် ဆွဲယူတားခံလိုက်ရသည့် သူ့လက်တွေ ။

Lemon လို စိတ်ကိုကြည်လင်စေသည့် ခပ်သင်းသင်းရနံ့တစ်ခု နှာ၀ထဲ တိုး၀င်လာရင်း ကျောပြင်သည် ကိုယ်ငွေ့လေးတစ်ခုကြောင့် နွေးခနဲ ဖြစ်သည် ။

ချောက်!!

ရွှေအိုရောင်မီးခြစ်လေးမှ ထွက်လာသော မီးတောက်တစ်ခုသည် သူ့ကို ရွှန်းလဲ့တောက်ပစွာ ငေးစိုက်ကြည့်နေသည့် မျက်၀န်းကြည်ကြည်လေးနှင့် အပြိုင်ဖြစ်သည် ။ ဖူးဖူးကြွကြွနှုတ်ခမ်းများသည် မီးခိုးငွေ့များထဲ အလှဆုံးပြုံးနေကာ သူ့ကို ပို၍ ဆွဲဆောင်အား ကောင်းလွန်းနေသည် ။

" ဆေးလိပ်ဆိုရင် အနံ့တောင်မခံနိုင်ပေမယ့် စီးကရတ်သောက်ထားတဲ့ မင်းရဲ့နှုတ်ခမ်းတွေနဲ့ အနမ်းခံရတာကိုတော့ ကြိုက်တယ် "

" အဲ့လိုအချိန်တွေဆို ဆေးမမှီတဲ့ လူမမာတစ်ယောက်လိုပဲ မင်းဆီမှာ ရူးရူးမူးမူး ပုံအပ်လိုက်ချင်တာ ... "

မျက်နှာပြင်ကို နှုတ်ခမ်းလွှာများဖြင့် ထိကပ်လာတော့မလို နောက်ဆုတ်သွားတော့မလို နူးညံ့စွာ ပြောသည့် စကားများထဲ ယောင်္ကျားတစ်ယောက်၏ ထိန်းသိမ်းထားအပ်သည့် ဆန္ဒများက ရုန်းကန်ထကြွချင်သည် ။ လည်ကို ဆန့်၍ အသက်ကို ၀၀ရှုထုတ်သည့်အခါ မီးကိုမှ မကြောက်မရွံ့ဆော့ကစားချင်သည့် ကောင်လေးက လည်တိုင်တလျှောက် နှာဖျားထိပ်လေးနှင့် အထက်အောက် ပွတ်ဆွဲကာ နှောင့်ယှက်သည် ။

" ဟင်း ... "

ရင်ဘတ်တလျှောက် စုန်ဆန်ပြေးလွှားနေသည့် လက်ဖဝါးလေးကို ဖမ်းဆုပ်လိုက်ပြီး လည်တိုင်တွင် သိုင်းဖက်စေလိုက်သည် ။ ခပ်ဆိုးဆိုးကြည့်နေသည့် Jimin က လိုချင်တာ ရအောင်ယူမည်ဟု ဆုံးဖြတ်ထားသည့်သူလို သူ့ကိုယ်ပေါ် ခိုတွယ်လာသည် ။

T H I R D Where stories live. Discover now