ပန်းရောင် ခပ်ပြေပြေ လွှမ်းနေကြ နှုတ်ခမ်းဖူးဖူးသည် ခါတိုင်းနှင့် မတူပဲ ဖြူလျော့ကာ ခြောက်သွေ့နေသည် ။ ပါးဖောင်းဖောင်းလေးနှစ်ဖက်သည်လည်း ပျောက်ကွယ်သွားသည်မှာ နာရေးစဖြစ်ကတည်းက ဖြစ်ပြီး ချောင်ကျသွားသည့် မျက်နှာတွင် မေးရိုးနှစ်ဖက်သည် ထင်ရှားစွာ ပေါ်စပြုလာသည် ။
အိပ်ရေးပျက်ဒဏ်များကြောင့် ကြည်လင်စူးရှခဲ့သည့် မျက်၀န်းအိမ်များသည် အရင်လို မတောက်ပနိုင်တော့ ။ သူ သနား ဂရုဏာပိုစွာဖြင့် ဆေးရုံကုတင်ပေါ်တွင် သတိလည်မလာသေးသည့် ကောင်လေး၏ လက်တစ်ဖက်အား နှုတ်ခမ်းဆီသို့ ဆွဲယူ ဖိကပ်ထားမိသည် ။
အရှုံးမပေးလိုက်ပါနဲ့ ...
ထပ်ပြီး ငါ့ကို ထားမသွားပါနဲ့ Park ရယ် ...
မကြားနိုင်မှန်းသိသော်လည်း စိတ်ထဲ အကြိမ်ကြိမ် တိုင်တည်ရေရွတ်မိသည် ။ လိုအပ်သည့် ကုသမှုမှန်သမျှ လုပ်ခဲ့ပြီးဖြစ်သော်လည်း လူနာကိုယ်တိုင်က အဆုံးစွန်အထိ စိတ်လျှော့လိုက်ခြင်းကြောင့် သတိပြန်လည်လာရန် ခက်ခဲနေသည်ဟု ဆရာ၀န်ကြီးက ဆိုသည် ။
မမျှော်လင့်ထားသည့် အခြေအနေများအကြား အချစ်ဦးလေးသည် တစ်ဦးတည်း ကြောက်ရွံ့စွာ လောကကြီးထဲမှ ရှောင်ပြေးရန် ကြံရွယ်ခဲ့သည် ထင်သည် ။
ချစ်သူကို လက်လွှတ်ခဲ့ရပြီးနောက် ဆန္ဒမပါ၀င်သည့် မင်္ဂလာပွဲ ၊ မိခင်ဖြစ်သူ၏ နာရေးအပြင် ခင်ပွန်းသည်၏ ကွာရှင်းခွင့်တောင်းခံရသည့်နောက်တွင် အားတင်းထားသမျှ ခံနိုင်ရည်စွမ်းများ ကုန်ဆုံးသွားပုံပေါ်သည် ။
အားနာ အပြစ်မကင်းစိတ်များဖြင့် ဘယ်ဘက် ရင်အုံပေါ်ရှိ ဆင်တူ ရင်ထိုးလေးအား တွေ့ထိရင်း ဆုတောင်းမိသည် ။ ဘာမှ မတတ်နိုင်ပဲ လက်လွှတ်လိုက်ရမည့် အဖြစ်ကို ရင်ဆိုင်နိုင်ဖို့ အင်အားမရှိ ။ အရင်လို အပူအပင်ကင်းကင်းနှင့် ပျော်ရွှင်နေသည့် အဝါရောင်ပန်းကလေးကို ပြန်မြင်ခွင့်ရချင်သေးသည် ။
" ဒေါက် ... ဒေါက် "
" ဆရာ ... "
ဆေးရုံအခန်းတွင်းသို့ သူ့ အတွင်းရေးမှူး ၀င်ရောက်လာသည် ။ မဖြစ်မနေ လုပ်ရမည့် အကြောင်းအရာ မဟုတ်လျှင် ၀င်မလာခဲ့ဖို့ ပြောထားပြီးသားမို့ ခုလို၀င်လာခြင်းသည် ကိစ္စတစ်ခု အရေးတကြီး ရှိလာပုံ ရသည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "