အိမ်ချစ်လေး အပြင်ထွက်သောနေ့ ဖြစ်သည် ။ ကျောင်းနှင့် အိမ်ကလွဲလျှင် စိတ်မ၀င်စားလေးက ထွက်လည်မည်ဆိုလာလို့ ကင်မ်လူကြီးမင်းတို့ ကိုယ့်နားပင် ကိုယ်ပြန်မယုံချင် ။
ရှိုးနှင့် မိုးနှင့် အငယ်ဆုံးလေးက ဧည့်ခန်းဆိုဖာခုံလေးမှာ ငြိမ်ငြိမ်လေးထိုင်ကာ ကားလာအကြိုကို စောင့်နေသည် ။ ပြင်ဆင်ထားတာလေးတွေ ပျက်သွားမှာစိုးလို့ ခါးလေးကိုဆန့်၊ လက်လေးနှစ်ဖက်ကို ပေါင်ပေါ်တင်ထားသည်မှာ အရုပ်လေးတစ်ရုပ်အား ခုံပေါ်ချထားသလို ။
" တစ်ခုခုစားသွားပါလား သားရယ် "
အသည်းကျော်ကို အကဲပိုကြသူက တစ်အိမ်သားလုံး ။ ယခု အသံပိုင်ရှင်က အိမ်ထိန်းကြီး ဆွန်းမို ။ ထမင်းတစ်ပန်းကန်ကိုင်ပြီး အငယ်ဆုံးလေးအနား ထိုင်ရနိုး ထရနိုး ။
" အင်္ကျီတွေ ပေကုန်လိမ့်မယ် "
အလိုမကျသံလေး ထွက်လာပြီး အိမ်ထိန်းကြီး ဆွန်းမို ငြင်းခံရသည် ။ သူမ မှာလည်း ၀မ်းနှင့် လွယ်မမွေးခဲ့တာသာရှိသည်၊ သူ့လက်ပေါ်တွင် ထိန်းကျောင်းပြုစုလာသည်မို့ ဒီအချိန်ဆို ကလေးလေး ဗိုက်ဆာတတ်မှန်း သိထားသည် ။
" ဆွန်းမို မပေအောင် ခွံပေးမှာပါ သားရဲ့ "
ဆွန်းမိုကလည်း အလျှော့မပေး ။ အလှပျက်မှာ စိုးသူနှင့် ဗိုက်ဟာနေမှာ စိုးသူတို့ကြား အသံအေးတိုက်ပွဲလေးဟာ မပြီးပြတ် ။
" ဟင်းအနံ့တွေက ရှိသေးတယ်လေ ဆွန်းမိုကလည်း ။ တော်ကြာ လူကြားထဲမှာ သားဆီက အနံ့နံနေရင် ... "
ဆွန်းမို ကိုင်ထားသည့် ပန်းကန်ထဲက ရဲရဲကြွပ်ကြွပ်လေး ကြော်ထားပုံရသည့် သုံးထပ်သားတုံးလေးတွေကို လျှာလေးသပ်ကာ ငေးနေသော်လည်း အဆုံးထိ ခေါင်းမာထားဆဲ ။
ထိုအချိန် ... ။
ပွမ် !! ပွမ် !!
အာရုံသည် ထမင်းပန်ကန်မှ အိမ်ရှေ့က ကားဆီသို့ ။ ရှေ့မှာပိတ်ရပ်ထားသည့် ဆွန်းမို ခန္ဓာကိုယ် ပုံ့ပုံ့ကြီးကို ဘေးဘက်ကို တွန်းရင်း တံခါးမကြီးဆီသို့ ပြေးထွက်သွားသည် ။
အမောပြေစေသူသည် ကားတံခါးကိုမှီရင်း အိမ်ထဲက ပြေးထွက်လာသည့်သူကို မျှော်ငေးနေသည် ။
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "