3rd - XXXI

3.8K 265 87
                                    

" ဒီနေ့လဲ ဟိုကောင်လေးတွေ ဂေဟာကို ထပ်လာသွားတယ် ဆရာ ... "

တစ်နေ့တာ အကြောင်းအရာများကို တင်ပြလို့အပြီး သူ ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးသည့် အကြောင်းအား ကြားလိုက်ရပြန်သည် ။ သူ့ဘက်က တုန့်ပြန်သံ ထွက်မလာသဖြင့် ဆက်၍ နားထောင်နေသည် ဟု မှတ်ယူကာ သူ့အတွင်းရေးမှူးလေးက စကားကို ဆက်ပြန်သည် ။

" ဆရာ့ကို မတွေ့ရင် မပြန်ဘူး ဆိုလို့ ကျွန်တော် မနည်းချော့မော့ပြီး ပြန်လွှတ်လိုက်ရတယ် "

" ကြည့်ရတာ ၁၉ ၊ ၂၀ ၀န်းကျင်လောက်လေးတွေ ... ဆရာ "

" ကျောင်းသားလေးတွေထင်တယ် ... နှစ်ယောက်လုံး ဖြူဖြူချောချောလေးတွေ "

" ...... "

သူ မသိလောက်ဘူး အထင်နှင့် သူ့အတွင်းရေးမှူးက ထိုကောင်လေး၏ ပုံစံကို ရုပ်လုံးပေါ်အောင် ပြောပြသည် ။ အတိတ်တွင် တစ်ဦးတစ်ယောက်ကို အကြောင်းပြု၍ သူနှင့် ထိုကောင်လေး၏ ပတ်သက်ဆက်နွယ်ခဲ့ရမှုအား သူ့အတွင်းရေးမှူးကိုယ်တိုင် ဘာမှ သိမထား၍ ဖြစ်သည် ။

ထို့နောက် ဆက်တိုက် ပုန်းရှောင်နေလျှင် ပိုမိုသံသယဝင်သွားနိုင်မည် စိုးသဖြင့် သူ ထိုကောင်လေးနှင့် တွေ့ရန် ဆုံးဖြတ်လိုက်ရတော့သည် ။ သူတို့နှစ်ဦး၏ တွေ့ဆုံမှုသည် သေချာပေါက် ပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း ထိုကောင်လေး၏ လက်ရှိအခြေအနေအရ ဒါကို ပထမဆုံး ဟု မှတ်ယူနေလိမ့်မည် ။

" ကိုယ် သူနဲ့ တွေ့မယ် ... "

" တွေ့ရမယ့် နေရာ စီစဉ်ပြီးတာနဲ့ ပြန်ပြောပေးပါ "

" ဟုတ်ကဲ့ပါ ဆရာ ... "

ဖုန်းချသွားသည်နှင့် ဖုန်းပြောစဉ်တလျှောက် ထိန်းထားခဲ့ရသည့် သက်ပြင်းမောတစ်ခုကို ချမိသွားသည် ။ ဒီလိုနေ့မျိုး မရောက်လာပါစေနှင့် ဟု ဆုတောင်းခဲ့သော်လည်း ဆုတောင်းကား မပြည့်ခဲ့ပြီ ထင်သည် ။

အားလုံးနှင့် အဝေးဆုံးတွင် နေထိုင်ကာ ဘ၀ကို အသစ်က ပြန်စ နေသော်လည်း အတိတ်သည် အရိပ်တစ်ခုကဲ့သို့ ထပ်ကြပ်မကွာ လိုက်ပါလာမြဲ ဖြစ်သည် ။ စိတ်၏ စေရာအတိုင်း အိပ်ခန်း၏ ကိုယ်လုံးပေါ်မှန်နောက်တွင် လျှို့ဝှက်စွာ တည်ရှိသော တံခါးအား တွန်းဖွင့်လိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Oct 15, 2023 ⏰

Add this story to your Library to get notified about new parts!

T H I R D Where stories live. Discover now